Part-21 (Uni Version)

130 12 0
                                    

ဒီလိုနဲ့တစ်ရာသီပြီး တစ်ရာသီပြောင်းလဲလာကာ☀☔❄

တတိယနှစ်စာမေးပွဲကြီး ကျောင်းတွေပိတ်ထားတဲ့အချိန်ပေါ့..ကျောင်းပိတ်ပေမဲ့လည်း...ကျွန်တော်နဲ့ ကျွန်တော့်ကလေးလေး ကနေ့တိုင်းလိုလိုတွေ့ဖြစ်ပါတယ်..❤❤

နောက်နှစ်ဆို ကျွန်တော်တောင် နောက်ဆုံးနှစ်ရောက်တော့မှာပဲ...ကျွန်တော့်ကလေးလေးကတော့ ဒုတိယနှစ်ပေါ့...

ကျွန်တော့်ကလေးလေးက ကျွန်တော်နဲ့ တွဲပြီးနောက်ပိုင်းမှ အရင်ကထက်ပိုပြီး နာမည်တွေကြီးလာတယ်....ပထမနှစ်မှာဆိုလည်း ကျွန်တော့်ကလေးလေးက Moon..😢

အဲ့တော့စိတ်မချရဘူးဗျာ....တစ်ကျောင်းလုံးက ကောင်မလေးတွေက သူ့ကိုပဲမျက်စိကျနေကျတယ်...

ကန်တင်းမှာဆိုလည်း သူတို့ကြောင့် နှစ်ယောက်သား ကြည်ကြည်နူးနူး ကိုစကားမပြောရဘူး...

တစ်ခါတစ်လေ ကျောင်းပိတ်ရက် အပြင်သွားရင်တောင် သူတို့နဲ့တွေ့ရင် အဲ့နေ့ကတော့ ကျွနိတော်နဲ့ ကျွန်တော့်ကလေးလေး ရန်ဖြစ်ရတော့တာပဲ...

ကျွန်တော့်ကလေးလေးက အရမ်းသဘောကောင်းလွန်းတယ်ဗျ...အဲ့တော့သူ့ကိုစိတ်မချဘူး....

ဟိုတစ်ခါ..သူတို့ပထမနှစ်စာမေးပွဲပြီးလို့ နှစ်ယောက်တည်း ရုပ်ရှင်သွားကြည့်တုန်းကဆိုရင်လည်း...

__________
Throw back

ရုပ်ရှင်ရုံ လက်မှတ်ရောင်းတဲ့နေရာနားဝယ်..

"Saint...saint မလား...."

"Khab..."

"ရုပ်ရှင်လာကြည့်တာလားဟင်..."

"Khab..."

"ဟီး...ဟိုလေ ဓာတ်ပုံလေးတစ်ပုံလောက်ရိုက်ချင်လို့.."

"ရပါတယ်ခင်ဗျ..."

ကောင်မလေးတစ်ယောက်ပြီး တစ်ယောက် လက်ချိတ်လိုက် ပခုံးမှီလိုက်နဲ့....ရိုက်နေလိုက်တာ..ပြောတော့တစ်ပုံနဲ့ တစ်ယောက်ကို ဆယ်ပုံလောက်ရှိတယ်...

သူတို့ တစ်အုပ်စုလုံး saint နဲ့ တွဲရိုက်ချင်လို့ဆု်ပြီး ကျွန်တော့်က်ုတောင် ဓာတ်ပုံရိုက်ပေးခိုင်းသေးတယ်...အစကတော့သူတို့ခေါင်းတွေဖြတ်ပြီး ရိုက်မလို့ပဲ...

Definition Of Love<Completed>Where stories live. Discover now