Part-18 (Uni Version)

105 11 0
                                    

ကျွန်တော့်မနက်ခင်းတိုင်းကအရင်လိုမလှပတော့ပါ.....အရင်ကလို စာလေးပို့ပြီး လာကြိုပေးမဲ့ကလေးလေး မရှိတော့ပါ.....ကျွန်တော့်နားကို အရင်လို တကောက်ကောက် လိုက်ကပ်နေတဲ့ ထိုကောင်လေး ကိုမတွေ့ရတာကြာပြီဖြစ်သဖြင့် အရမ်းလွမ်းလှပါသည်.....

ဘယ်လိုမှမနေနိုင်၍ အရဲစွန့်ပြီး ဖုန်းဆက်မိလိုက်တော့....

ထင်သည့်အတိုင်းမကိုင်ပါ....

"ရက်စက်လိုက်တာ saint ရယ် ကိုယ် ဘာတွေများအမှား လုပ်မိလို့ ကိုယ့်ကိုအဲ့လောက်ထိ စိမ်းကားနေရတာလဲကွာ....."

Perth မျက်ရည်များဝဲကာ မကျလာစေရန်ပဲ ထိန်း၍ ကျောင်းသို့စက်ဘီးလေးနှင့်သာထွက်လာခဲ့သည်...

...........

"P' ရယ် ကျွန်တော့်ကို ခွင့်လွှတ်ပါနော်.. ..ကျွန်တော် P'နဲ့မျက်နှာချင်း မဆိုင်ရဲသေးဘူး....P'နဲ့တွေ့ရင် ကျွန်တော်ငိုချင်လာလိမ့်မယ်...ကျွန်တော့်ခံစားချက်တွေကို မထိန်းနိုင်ပဲ ဖွင့်ပြောလာမိလိမ့်မယ်.....ကျွန်တော်P'ကို တမင်ရှောင်ချင်လို့ မဟုတ်ပါဘူးP'ရာ....ကျွန်တော် စိတ်ထဲထင့်နေပါလို့အကိုရာ...😭😭😭😭"

မျက်ရည်များကို သုတ်ကာ ကားရပ်နားသော နေရာက P'အဆောင်လေးကိုကြည့်ရင်း....P'ထွက်သွားတာကို ကြည့်ကာ ကျောင်းသို့လာခဲ့သည်...

Perthလည်းဘယ်လိုမှမနေနိုင်တော့၍ planတို့ကို အကူညီတောင်းရတော့သည်...

"ဟျောင့်...plan ငါ့ကိုတစ်ခုလောက်ကူညီပါလားကွာ..."

"ဘာလဲပြော....မင်းကလည်းအချင်းချင်းကို လာပြီး တော့ အိုက်တင်ခံနေတယ်..."

"ဟို....ဒီတစ်ပတ် ပိတ်ရက် saint ကို mean တို့တိုက်ခန်းကို လာအောင် မင်းစီစဉ်ပေးပါလား plan...လုပ်ပါကွာ..."

"မင်းကဘာလုပ်မို့လဲ..perth..."

"မင်းသိရဲ့သားနဲ့ကွာ.....saint အခုငါ့ကိုရှောင်နေတယ်ဆိုတာ....အစကတော့ ငါလည်းနေကြည့်ပေမဲ့...အခုတော့ ငါမနေနိုင်တော့ဘူး plan. ....ငါသူ့ကို လွမ်းနေတယ်ထင်တယ်.....လုပ်ပါကွာ....သူဘာဖြစ်နေလဲဆိုတာ ငါသိရမှဖြစ်မယ်....ငါသိမှ သူ့ကိုရှင်းပြလို့ရမှာပေါ့..အဲ့ဲကြောင့် ကူညီပါကွာ..."

Definition Of Love<Completed>Where stories live. Discover now