Part-19 (Uni Version)

120 10 0
                                    

ဒီနေ့မနက်ခင်းလေးကတော့လှပါခဲ့ပါတယ်...ချစ်တဲ့လူကို ချစ်တယ်လို့ ပြောရတဲ့ခံစားချက်လေး❤❤ အရမ်းလှပပြီးသာယာခဲ့တဲ့ ညလေးပါ....အိပ်မက်ထဲမှာတောင် ထိုကလေးလေးက လာနှောင့်ယှက်ပြီး သဝန်လိုက်တိုနေရတယ်....

မလွယ်ဘူးပဲထိုကလေးလေးကတော့😍😍

"ဟျောင့် perth ဘာတွေတွေးနေတာလဲ...ရေချိုးခန်းထဲက ထွက်လာကတည်းက အဝတ်အစားမဝတ်ပဲ ဘာလို့အဲ့မှာ အဲ့လိုကြီး ငုတ်တုတ် ထိုင်နေရတာလဲ..."

"ဟီး....အဲ့လောက်တောင်ကြာနေပြီလား..."

"အေး...မကြာခင်မင်းလေဖြတ်လောက်တယ်..."

"အေးပါ..."

"မြန်မြန်လုပ်...အောက်မှာ saintတောင်ရောက်နေလောက်ပြီ..."

"ဟုတ်သား...ရောက်နေပြီလား...ဘယ်တုန်းကဘယ်လိုရောက်နေတာလဲ..."

"ဟျောင့်....ငါကဘယ်သိမလဲ...သူရောက်ရင် မင်းကို အရင်လိုပဲဖုန်းဆက်မှာပေါ့..."

"မင်းပဲရောက်နေပြီဆို..."

"ငါကရောက်နေလောက်ပြီလို့ပြောတာ..."

"Awwz...aa..."

"တီ ..တီ..."
📲📲📲

"အမလေး...ပြောနေရင်းဖုန်းကလာပါပြီ..."

"ဟယ်လို..."

"ဟယ်လို P'လား...ကျွန်တော်အောက်ရောက်နေပြီနော် P'..."

"Awwz....omm...ကိုယ်လာခဲ့မယ်...ခနပဲစောင့်နော်..."

"Khab P'.."

"အမလေးလေး..ဖုန်းကြီးလည်းပေါက်ထွက်သွားပါဦးမယ်....ဟိုကဖုန်းချသွားပြီမလား...ဘာကိစ္စဖုန်းကို စိုက်ကြည့်နေရတာလဲ..."

"မင်းအလုပ်လား...မင်းရဲ့ sugar daddy ကြီး မလာခင် မင်းသာပြီးအောင်ပြင်လိုက်ဦး...ငါတော့မြန်မြန်သွားတော့မယ်..."

Perth မြန်မြန်ဆန်ဆန် ပြင်ဆင်ကာ အောက်ထပ်သို့ပြေးသွားလိုက်သည်....

အောက်ရောက်တော့

တွေ့ပါပြီ ကျွန်တော့်ရဲ့အမောပြေ လေး ..ချစ်လိုက်တာ ကလေးလေးရယ်...ဘာကြောင့်များ အဲ့လိုတွေချစ်ဖို့ကောင်းနေရတာလဲ....အရင်ကလိုပဲ ဝတ်ဆင် လာပေမဲ့...သာမန်နေ့တွေ ထက် ပိုချစ်ဖို့ကောင်းနေတာပါလား..ကလေးရယ်...

Definition Of Love<Completed>Where stories live. Discover now