Part-12 (Uni Version)

101 9 0
                                    

Perth ဆေးရုံရောက်တော့saint ရှိသော အခန်းထဲသို့ဝင်ကာ saintမျက်နှာလေးကိုအရင်ကြည့်မိသည်...

ဖြူဥနေသောမျက်နှာလေး .....ဖွေးစွတ်နေသောလက်ကလေးတွင်ဆေးပိုက်များဖြင့်

<Saintရယ်ကိုယ်တောင်း..တောင်းပန်ပါတယ်>ဟုစိတ်ထဲကသာပြောမိသည်....

"Saint"

"Perth မင်းရောက်လာပြီလား...saintအခုထိတော့သတိမရသေးဘူး ကွ...ဆရာဝန်တွေပြောတာတော့ အရမ်းပင်ပန်းလို့ အိပ်ပျော်နေတာပါတဲ့..စိတ်မပူရတော့ဘူးတဲ့..."

"Omm"

ပုံမှန်ဆို ကျွန်တော်အခန်းထဲဝင်သွားလျှင် ဟိုကိုစိတ်တို saintရဲ့သူငယ်ချင်းmean ကကျွန်တော့်ကိုဆွဲထိုးလောက်သည်...ဒါမဲ့ထိုကိုယ်တော်ချောကတုတ်တုတ်တောင်မလှုပ်ပဲ ကျွန်တော်ကိုမျက်ထောင့်နီကြီးနှင့်တောင့် ကြည့်နေရှာသည်......

ကျွန်တော်ကမှားတဲ့လူဆိုတော့ ကျွန်တော်ကပဲ စပြီးတောင်းပန်ဖို့ဆုံးဖြတ်လိုက်သည်...ပြီးတော့ saintနှင့် ပတ်သက်လျှင် ကျွန်တော်လူတိုင်းကို တောင်းပန်ခယဖို့ပါ ဆုံးဖြတ်လိုက်သည်...

"မင်း...မင်းကိုလည်းငါတောင်းပန်ပါတယ်....မင်းသူငယ်ချင်းအခုလိုဖြစ်ရတာ ငါ့အမှားမကင်းဘူးလေ..."

"ရပါတယ် .....ခင်ဗျားအစား ခင်ဗျားရဲ့သူငယ်ချင်းကြီး ဟောဒီက စီနီယာကြီးက ကျွန်တော့်ကိုတောင်းပန်ပြီးပါပြီ....ပြီးတော့ခင်ဗျားကိုလည်းကျွန်တော်အရင် က မိုက်ရိုင်းခဲ့တာတွေအတွက်ကျွန်တော်လည်း တောင်းပန်ပါတယ်..."

"Omm..ရပါတယ်....planမင်းကိုလည်းတောင်းပန်ပါတယ်နော်....ငါမင်းစကားကိုနားထောင်ပြီး ဒီကလေးအပေါ် ငါဖော်ဖော်ရွေရွေ ဆက်ဆံပေးခဲ့ရမှာ...."

"ရပါတယ်.....အဲ့ဆိုမင်းတို့တွေအခုအဆင်ပြေသွားပြီပေါ့.."

"Omm....ဒါနဲ့...မင်းကကော..သူနဲ့ဘယ်တုန်းက အဆင်ပြေသွားတာလဲ..."

"ဒါကတော့..ခင်ဗျား သူငယ်ချင်းက ကျွန်တော့်ကို အရမ်းတွေခင်ချင်နေတာကို😎😎"

"ဘာ...မင်း..မင်းဘာပြောလိုက်တယ်...မင်းပဲအရင်ငါ့ကို လိုက်ကပ်ပြီး လိုက်လိုက်စနေတာမဟုတ်ဘူးလား.."

Definition Of Love&lt;Completed&gt;Where stories live. Discover now