[Unicode]
"ကိုကို ထမင်းစားသွားဦး"
"ပြန်လာမှစားတော့မယ် ချင်ချင် "
"ပြန်လာမှဘယ်လိုစားမလဲ ကိုကို..ဟာ ကိုကို စက်ဘီးစီးမသွားနဲ့လေ နေမကောင်းတာကို "
အနောက်ကနေ လှမ်းခေါ်နေတဲ့ အသံကိုမကြားသလိုလုပ်ပြီး
အိမ်ရှေ့နားမှာထောက်ထားတဲ့ စက်ဘီးအပြာလေးကို တွန်းပြီး ထွက်လာလိုက်တယ်။ငါ့နာမည်က ရှောင်းကျန့် အသက်က ၂၈နှစ်
ရှောင်းချင် ဆိုတဲ့ညီမလေးတစ်ယောက်ရှိတယ်။
မောင်နှမ ၂ယောက်ထဲရှိတာမို့ ရှောင်းကျန့်ကလဲ သူ့ညီမလေးကိုချစ်တာမှတုန်လို့ သူ့ညီမလေးကလဲ ရှောင်းကျန့်ကို ချစ်ရှာပါတယ် အဲ BLဆိုတာမျိုးစာအုပ်တွေဖတ်ပြီး အကို ကို လင်ပေးစားမယ်လုပ်တာကလွဲလို့ပေါ့ရှောင်းကျန့် အလုပ်က အိမ်နဲ့နီးတယ် အဲ့တာမို့ ကားခသက်သာအောင် စက်ဘီး စီးပြီးသွားတယ်။ အမှန်တော့ ရှောင်းကျန့်က ဒီစက်ဘီးကိုဝယ်ထားတာလဲ
မကြာသေးဘူးစီးတတ်တာလဲ မကြာသေးဘူး။ရှောင်းချင် က ရှောင်းကျန့် စက်ဘီး စီးတာကို သိပ်အားမပေးဘူး ဘာလို့ဆို ရှောင်းကျန့်စက်ဘီးစီးတိုင်း တစ်ခုမဟုတ်
တစ်ခု ဝင်ကြုံးတတ်လို့.....ဒီနေ့ ရှောင်းကျန့် နေသိပ်မကောင်း အဲ့တာကြောင့်မို့ စက်ဘီးစီးတာ အရင်နေ့တွေကထက် ပိုပြီး
ယိုင်တိုင်တိုင်ဖြစ်နေတယ်...ထိုးကိုက်လာတဲ့ခေါင်းကြောင့် စက်ဘီး နင်းတာ ပိုယိုင်လာပြီး လမ်းမဘတ်ကိုအကွေ့မှာတော့ ရှောင်းကျန့်စက်ဘီးလေးက အရှိန်နဲ့လာနေတဲ့ ကားတစ်စီးနဲ့ ဝင်ကျုံးမိရင်း အဝေးကိုလွင့်ထွက်သွားတယ်။
အမည်- ရှောင်းကျန့်
အသက်-၂၈နှစ်
အလုပ်အကိုင်- သူနာပြု
သေဆုံးသည့်အကြောင်းအရင်း- ကားတိုက်မှု________________
23.9.2020(Wed)
[Zawgyi]
အမည်- ရှောင်းကျန့်
အသက်-၂၈နှစ်
အလုပ်အကိုင်- သူနာပြု
23.9.2020(Wed)
YOU ARE READING
Born Again In System (H I A T U S)