[Unicode]
ရှောင်းကျန့်ဘဝက ပထမဆုံးနေ့မှာတင်
ဒါရိုက်တာအလုပ်ခန်းကဧည့်တွေ့ခုံမှာထိုင်နေရတယ်ဝန်ထမ်းကဒ်မပါလို့ ဒီခေါ်ခံလာရပါတယ်ဆိုပြီးဘယ်သူမှသွားတိုင်မရတဲ့အနေအထား!
ဒါရိုက်တာဂွမ်က ချန်မင်ခေါ်တာတောင်မစောင့် ရှောင်းကျန့်ကို ဓါတ်လှေကားထဲအတင်းထိုးထည့်ပြီး သူ့ရုံးခန်းကိုခေါ်ချလာပြီး မပြောမဆိုနဲ့ပြန်ထွက်သွားတဲ့အပြင်
စောနကတည်းကသူ့စိတ်ဆိုးသွားတဲ့
ကွန်ပျူတာကောင်ကိုပါခုထိဆက်သွယ်လို့ကိုမရတာကြောင့် ဖြစ်နိုင်ရင် အတိတ်ဘဝကိုသာ လက်ပစ်ကူးပြီး ရှောင်းချင် ချက်ကျွေးတဲ့ညစာကိုပဲထိုင်စားချင်နေတော့တာပါပဲ။အခန်းကိုသေချာပတ်ကြည့်ဖို့နေနေသာ ကိုယ့်လွယ်အိတ်ကိုယ်ပိုက်ပြီး
အတွင်းရေးမှုးချထားပေးတဲ့ကော်ဖီခွက်ကို
ငုပ်တုတ်ထိုင်ကြည့်နေရတာကြီးက
ပျော်ဖို့မကောင်းသလို
မနက်၁၀နာရီကျော်တဲ့အထိ
ရှောင်းကျန့်အလုပ်မဝင်ရသေးပေမဲ့
အလုပ်ပြုတ်ဖို့သေချာနေပြီ။
ဒါကြောင့် မျက်ခုံးမွှေးတွေရော
ခြေသလုံးမွှေးတွေပါလှုပ်ပြီး အလုပ်သစ်ထပ်ရှာဖို့ကိုတောင်ခေါင်းထဲ ထည့်တွတ်ချက်နေရတယ်
ရှင်သန်ရတာ ဝမ်းရေးအတွတ်တအားခက်ခဲတယ်!အလုပ်ပြုတ်လဲ နောက်တစ်လုပ်ထပ်ရှာ ဒါဆို ချန်မင်နဲ့လဲခပ်ကင်းကင်းနေပြီးသားဖြစ်တယ်လို့တွေးမိတော့ ရှောင်းကျန့်က ခပ်ပြုံးပြုံးဖြစ်သွားတယ်။
ရှောင်းကျန့်အတွေးကိုကြားတဲ့ systemက
ဖြစ်နိုင်ရင် ရွှေဥာဏ်တော်စူးရောက်လွန်းလို့ပြေးပါရိုက်ချင်သွားတယ်။
အဲ့လိုဖြစ်မှတော့ ဘယ်missionsတွေကိုလုပ်ပြီးဘယ်ကpointsတွေရတော့မှာလဲ!"ဒီလောက်တော်တဲ့ဦးနှောက်ရွှေချထားလိုက်မယ်"
"သောက်ချီး...စိတ်ဆိုးပြေရင်လဲ ပြေကြောင်းပြော
ဇွတ်ထမပြောနဲ့ ငါလန့်တယ်"ညာဘတ်လက်ကလွယ်အိတ်ကိုကိုင်ထားပြီး ဘယ်ဘတ်လက်က ရင်ဘတ်ကိုဖိရင် ရှောင်းကျန့်က
သာသာယာယာထဆဲတယ်။
YOU ARE READING
Born Again In System (H I A T U S)