[Unicode]
"ကိစ္စတွေအားလုံးကိုပြန်သွားစစ်တာ
ဒါကြီးကဇာတ်ကြောင်းသွေဖိသွားတာအမှန်ပဲHost""ငါ့ဘာသာသေပြီးနောင်ဘဝအေးဆေးကူးတာကမှ
ခုလောက်ဆို ပြန်ဝင်စားနေလောက်ပြီ"ကုတင်ပေါ်မှာလဲနေတဲ့ရှောင်းကျန့်က သူ့ရဲ့ရှုပ်ပွနေတဲ့ ဆံပင်တွေကိုပိုရှုပ်အောင်ဆွဲဖွရင်း ငြီးငြူတယ်။
တကယ်လဲသူပြောတာမမှားဘူးလေ သေတာတောင်
ဘဝကောင်းကောင်းမကူးရပဲ ဒီကိုတန်းရောက်လာရပြီး
Missionလုပ်ရင်အိုခေပြီလို့ ဂျင်းထည့်ခံနေရပေမဲ့
ခုထိ ဘာMissionမပြောနဲ့ ချန်မင် ဆိုတဲ့
သကောင့်သားကိုတောင် လက်စားမချေရသေးဘူး.....System - မျက်နှာငယ်လေးနဲ့မသိချင်ယောင်ဆောင်နေ
"ဒီကြားထဲ ၃ ၄ရက်လောက်ပျောက်သွားတာဘယ်သူလဲဟမ် ပြန်ရောက်လာတော့လဲ မနမ်းရင်သေမယ်ဆိုလို့ ငါ့မှာ ဝမ်ရိပေါ်ကို နမ်းရသေး..အေး ဝမ်ရိပေါ် အိမ်ရှေ့မှာရှိနေသေးလားမသိ!"
"တော်သေးတယ်မရှိတော့လို့"
ပွစိပွစိပြောနေရာကနေ ရိပေါ်ကိုသတိရပြီး လိုက်ကာပေါက်ကနေသွားချောင်းကြည့်နေတဲ့ရှောင်းကျန့်ကို systemကဖြစ်နိုင်ရင်ပြေးကန်ချင်နေတယ်...
လူသားတွေစိတ်များသိပ်ခက် တခါလောက်နမ်းမိပြီးအကဲတွေသိပ်ပို!!!Systemက သူ့Hostက ရိပေါ်နဲ့ နမ်းပြီးအကဲပိုနေလို့ အမြင်ကပ်နေပေမဲ့
တကယ်တန်းကျ လာမဲ့ရုံးဖွင့်ရက်မှာ အလုပ်သင်တစ်ဦးမှဒါရိုက်တာကို
နမ်းပြီးထွက်ပြေးမှုနဲ့
အလုပ်ထုတ်ခံရမှာကိုရှောင်းကျန့်ကတွေးပြီး ခေါင်းတွေပူနေတယ်
ဆိုတာကိုပဲ..."ငါ့ဇာတ်ကြောင်းပြောင်းတာကိုတော့ပြောပြမယ်မလား"
"အရင်ဆုံး ကျနော့်ကိုupdateလုပ်ပေးပါလားHost"
"Update??? "
BINABASA MO ANG
Born Again In System (H I A T U S)