[ Unicode ]
"ကျန့်ကျန့် ဆရာက အခန်းထဲလာပါဦးတဲ့ "
ဝမ်ရိပေါ်ရုံးခန်းထဲကထွက်လာတဲ ပိုင်ရီကျဲ က ရှောင်းကျန့်ကိုလှမ်းပြောရင်းကနေ ရယ်ကျဲကျဲလုပ်ပြီး ဘေးနားလာထိုင်တယ်။
ရှောင်းကျန့်က မျက်လုံးကိုကျုံ့ထားပြီး နှုတ်ခမ်းစူချင်သယောင်ဖြစ်နေတာကို ပိုင်ရီကျဲကျဲ ထပ်တိုးရယ်လာတယ်...
"သွားလိုက်ပါ ကျန့်ကျန့်ရဲ့
ဆရာက ခိုင်းစရာရှိလို့နေမှာပေါ့""ကျဲကလဲ ဒီတစ်ခါနဲ့ဆို ကျနော်ဝင်ရတာ ၅ခါရှိနေပြီ"
"ခိုင်းစရာများလို့နေမှာပေါ့ကွယ်"
ဆူပုတ်ပုတ်နဲ့ ထထွက်သွားတဲ့ ရှောင်းကျန့်ကိုကြည့်ရင်းကျန်းပိုင်ရီက ထပ်တိုးရယ်တယ်။
ရှောင်းကျန့်ကို နဂိုတုန်းက ဆရာဝမ်ရဲ့ရုံးခန်းထဲမှာ
တူတူထားပေမဲ့ တစတစနဲ့ဝန်ထမ်းတွေအပြောများလာမို့ သူဌေးက နေရာပြောင်းဖို့လာပြောတာတောင်ဂျစ်ကန်ကန်လုပ်နေလို့
သူမ ပါ သူဌေးဘတ်ကပြောပေးမှ ရှောင်းကျန့်က
ရုံးခန်းအပြင်ကိုရောက်လာတာ..။ဆရာဝမ်က သည်းခံအားကောင်းတယ်ထင်ပါရဲ့ ရှောင်းကျန့် အပြင်ကိုရောက်ပြီးကတည်းက၁နာရီ၁ခါ ရုံးခန်းထဲခေါ်ခေါ်သွင်းနေပြီး
မရှိတဲ့အလုပ်အကုန်လုပ်ခိုင်းတယ်..။
ခိုင်းတဲ့အလုပ်ကလဲ ပင်ပန်းတာမဟုတ်..ကျန်းပိုင်ရီက ဆရာဝမ် ဒီလိုပုံမြင်ရတာပထမဆုံးမို့
သဘောတော်တော်ခွေ့နေတယ်။
ခုခေတ်ကလေးတွေများ ကြိုက်ရင် ကြိုက်သလိုလုပ်ချင်တာလုပ်တာသိပ်ကောင်းပဲ..။___________
ကွန်ပျုတာကောင်ရဲ့ အသံဘာမှ မကြားရပဲ ဇာတ်အကြောင်းမသိ ဘာမသိနဲ့ ဒီမှာ အလုပ်ဆင်းရတာ ရှောင်းကျန့် က အလုပ်လုပ်ရတာထပ် ဝမ်ရိပေါ် ရဲ့ရုံးခန်းထဲဝင်ရတာကိုပို ပင်ပန်းတယ်။
ရုံးခန်းတံခါးကိုခေါက်ပြီး ဝင်သွားတော့ ထိုင်နေကျ အလုပ်ခုံမှာ မဟုတ်ပဲ ဆိုဖာမှာ ထိုင်နေတဲ့ ဝမ်ရိပေါ်ကို တွေ့တော့ ရှောင်းကျန့်က သူရဲ့ ဆူပုတ်နေတဲ့ရုပ်ကိုပြင်ပြီးရယ်ပြလိုက်တယ်။
KAMU SEDANG MEMBACA
Born Again In System (H I A T U S)