[ Unicode ]
ရှောင်းကျန့်ကရောက်တာနဲ့ခြေလက်မဆေးပဲ
အိပ်ယာပေါ်ကိုတန်းလဲချပြီး ဖောင်းနေတဲ့
သူ့ဗိုက်ကလေးကိုအသာပွတ်နေလိုက်တယ်။သူဒီနေ့စားတာများသွားသည်လေ..
ပိုင်ရီကျဲကလဲ အသင့်ကင်ပေးတာဆိုတော့
အသားသရဲလို့နာမည်ပြောင်ရထားတဲ့ရှောင်းကျန့်
ကပဲအရသာရှိတဲ့အစားအစာတွေကို
အများကြီးစားလိုက်တာ........ဝမ်ရိပေါ်ခေါ်သွားတဲ့အသားကင်ဆိုင်ကသိပ်
စားကောင်းတယ် ကြယ်ငါးပွင့်ပေးရမယ်လို့
တွေးရာကနေ အစားကြူးတဲ့အူတူတူကျန့်က
မျက်စိစဥ်းပြီးအိပ်ပျော်သွားတယ်။ဒါပေမဲ့အူတူတူကျန့် မသိလိုက်တာက ကျန်းပိုင်ရီစားဖို့ပြင်လိုက်တိုင်း ဝမ်ရိပေါ်ရဲ့ 'စားရဲ့စားကြည့်' ဆိုတဲ့အကြည့်နဲ့တိုးတာမို့ မစားပဲ အသားပဲထိုင်ကင်နေရတာကိုပဲ...
ကျန်းပိုင်ရီအဖြစ်က မစားရ အညော်ခံလေး..။
ဆရာဝမ်ကတော့ ရှင်းပါတယ်
သူကရှောင်းကျန့်တစ်ယောက်ထဲကိုပဲကျွေးချင်တာ
အသားရော အချစ်ရော သူ့ကိုယ်သူရော ')__________________
တစ်ဖက်မှာဝမ်ရိပေါ်ကတော့
ရှောင်းကျန့်တို့တိုက်ရှေ့မှာ
ကားရပ်ပြီး မီးမပိတ်သေးတဲ့ရှောင်းကျန့်အခန်းကိုလှမ်းရှိုးနေတယ်။"မနက်၁နာရီထိုးနေတာကိုကျန့်ကောကခုထိမအိပ်သေးတာလား"
"ငါဖုန်းဆက်လိုက်ရမလား"
ကားအမှောင်ထဲမှာ ဝမ်ရိပေါ်က
မျက်ခုံး၂ခုထိလုနီးပါးထိကျုံ့ထားပြီး တိုက်ခန်းဘတ်ကိုကြည့်လိုက် ဖုန်းခေါ်လိုက်နဲ့ အလုပ်များနေပေမဲ့
ကိုင်မဲ့သူက အိပ်နေတာမို့ replyမလာ...၃ခါလောက်ဖုန်းခေါ်အပြီး မှာ ရိပေါ်က သဘောပေါက်သွားပြီး နှုတ်ခမ်းတွန့်ရုံလေးပြုံးလိုက်တယ်။
သူရဲ့ မတော်ရသေးတဲ့ရည်းစားလေးက
အိပ်ပျော်နေတာ..."GoodNight ကျန့်ကော"
မီးလင်းနေတဲ့တိုက်ခန်းဘတ်ကိုကြည့်ရင်း ရိပေါ်က သူ့ကားကိုပါ ရပ်လိုက်တယ်။
နောက်၂ရက်ကပိတ်ရက်တွေ..ရှောင်းကျန့်ကို
လွမ်းရမှာချင်းတူတူ ဒီညတော့ အနီးစပ်ဆုံးနေရာမှာအိပ်မယ်။
YOU ARE READING
Born Again In System (H I A T U S)