ep26💜

2.3K 137 11
                                    

အချိန်‌ေတွအကုန်လုံးကိုသူငယ်ချင်းတွေချစ်သူနဲ့‌ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြရပေမဲ့ဒီနေ့ဒီရက်လေးက်ုတော့မဖြတ်သန်းချင်ပဲကျော်သွားခဲ့ချင်တယ်ပြန်ပြီးအစဖော်မိခဲ့တာကျွန်တော့်ကိုကျွန်တော်ပဲမုန်းလိုက်မိချင်တယ်

ကျန်းချန်နဲ့ရှီးချန်ချစ်သူတွေဖြစ်ကြတာတစ်လပြည့်‌တဲ့နေ့လေးပေါ့

ကျွန်တော့်တို့လေးယောက်ပဲစုပြီးစားသောက်ဆိုင်လေးတစ်ဆိုင်မှာစုပြီးစားသောက်ပွဲလေးလုပ်ကြသည်။

အဲ့မှာပဲပြဿနာကစတော့တာပေါ့

"ဒီနေ့ကြိုက်သလောက်စား ကြိုက်သလောက်သောက်ကြ ငါရှင်းမယ် ငါနဲ့ကျန်းချန်ကောကိုတော့တွဲလက်မြဲအောင်တော့ဆုတောင်းပေးကြပေါ့ကွာ "

"ဒါတော့မပူပါနဲ့ကွာ ငါနဲ့ကျန့်ကောနဲ့ဆု‌တောင်းပေးမယ်"

"ဟုတ်တယ် ငါ့သူငယ်ချင်းကျန်းချန်နဲ့ရှီးချန်တို့မခွဲအတူလက်တွဲနိုင်ပါစေကွာ"

"ပေးတဲ့ဆုနဲ့ပြည့်ပါစေ ကျန့်ကျန့်ဒါနဲ့မင်းတို့ရောဘယ်နှစ်လရှိပြီလဲ"

"ခြောက်လကျော်ပြီ ဒီကြားတည်းကလည်းရစ်လိုက် ရန်ဖြစ်လိုက် အူတိုလိုက် ပြန်ချစ်လိုက်ကြနဲ့ဖြတ်သန်းလာကြတာပဲ အများဆုံးကတော့လောင်၀မ်အူတိုလို့စကားများရတာအများဆုံးပဲ"

"ကောကလည်းချစ်လို့အူတိုတာပဲကို ရန်ဖြစ်လည်းကျွန်တော်ကပဲအများဆုံးပြန်ချော့ရတာပဲကို"

"ဟုတ်ပါတယ်အဲ့အူပုတ်လေးကိုပဲကောကချစ်နေကတာလည်းထည့်ပြောအုံးလေ ကျန်းချန်နဲ့ရှီးချန်မင်းတို့ရောရန်ဖြစ်ပြီးကြပြီလား"

"‌မဖြစ်ရသေးပါဘူးရှောင်းကျန့်ကောရယ်ခုထိတော့အဆင်ပြေတယ်"

"ခုထိအဆင်ပြေတယ်ဆိုတော့ဘာလဲနောက်ကြစကားများမယ်ရန်ဖြစ်မယ်လို့ပြောလိုက်တာလား"

"မဟုတ်ရပါဘူးချစ်လေးကလည်းငယ်ပြောတာကနောက်လည်းဒီလိုပဲနားလည်ပြီးရန်မဖြစ်ကြပဲချစ်သွားကြမယ်လို့ပါ"

"ပြီးရောစကားကိုသေချာပြောနော်မဟုတ်ရင်ချစ်လက်ချက်နဲ့တွေ့မယ် ချစ်ကအရင်ဖွင့်ပြောတယ်ဆိုပြီးလာမကျောနဲ့"

မင်းနဲ့မှချစ်တက်ပြီပေါ့Where stories live. Discover now