ep9💜

3.8K 283 8
                                    

ရှောင်းကျန့်လည်းရိပေါ်အိမ်မှာလုပ်လာတာတော်တော်လည်းအသားကျလာပြီ

ကျဲယန်ကိုလည်းတကယ့်အမအရင်းလိုပဲချစ်နေပြီ ကျဲယန်နဲ့လည်းတခါတလေ စလိုက်ချော့လိုက်နဲ့အရမ်းပျော်ဖို့ကောင်းတယ်

ရိပေါ်ကတော့ဟိုတခါသူ့အော်မိတဲ့ကိစ္စကိုနောက်တစ်ခါထပ်တောင်းပန်တယ် သူလည်းစိတ်မဆိုးကြောင်းပြန်ပြောရတယ် မဟုတ်ရင်သူ့ကိုစတာမှန်းသိမှ အလုပ်ထုတ်ခံရမဲ့ဖြစ်ခြင်း

တကယ်လည်းစိတ်မဆိုး စိတ်ဆိုးရင်လည်းအကြာကြီးစိတ်မဆိုးတက်အဲ့ဒါကသူ့ရဲ့အကျင့်တစ်ခု

မားကတောင်ပြောတယ်သားရယ်တစ်ခါလောက်အကြာကြီးစိတ်ဆိုးပါလားတဲ့

ရိပေါ်ရဲ့ပါးကလည်းချမ်းသာပေမဲ့မာနမကြီးတက် သူ့က်ုသမီးလေးလ်ုအရမ်းချစ်သည်
ရိပေါ်ရဲ့ကြင်နာတက်တဲ့အကျင့်က သခင်ကြီးဆီကရတာပဲဖြစ်ရမယ်

အဲ့လိုကြင်နာတက်သူတွေက်ုလိမ်ထားရတာတောင်ကိုယ့်ကိုကိုယ်လိပ်ပြာသိပ်မလုံချင်တော့

သူကယောင်္ကျား‌‌ေလးဆိုတာမြန်မြန်ဖွင့်ပြောမှဖြစ်တော့မယ်

"ကျန့်ကျန့်ရေ ကျန့်ကျန့်လို့"

"ဟင် ဟင်ကျဲခေါ်တာလား"

"ဟုတ်တယ် ကျဲခေါ်နေတာကြာပြီဘာတွေအဲ့လောက်စဉ်းစားနေရတာလဲ"

"ဒီလိုပါပဲကျဲရယ် အိမ်အကြောင်းစဉ်းစားနေတာပါ"

"အွန်းပါ လှီးတာကိုအာရုံစိုက် မဟုတ်ရင် ကျန့်ကျန့်ရဲ့လက်နုနုလေးဓားထိသွားမယ်"

"ဟုတ်ဟုတ် ကျဲတစ်ခုလောက်မေးလို့ရလားဟင်"

"မေးလေကျန့်ကျန့်ရဲ့"

"တကယ်လို့ပေါ့လေ ကျန့်ကျန့်ကယောင်္ကျားလေးဆိုရင်ရောဆက်ခင်အုံးမှာလားဟင်"

"ခင်မှာပေါ့ကျန့်ကျန့်ရဲ့ ကျဲကကျန့်ကျန့်ကိုတကယ့်မောင်နှမအရင်းလိုချစ်တာ ယောင်္ကျားလေးမိန်းကလေးဆိုပြီးခွဲပြီးချစ်တာမှမဟုတ်တာ "

"ကျန့်ကျန့်အရမ်းပျော်သွားပြီကျဲယန်ရယ် "

"ဒီကလေးကတော့ဒါလေးတောင်ပျော်တယ်လား"

မင်းနဲ့မှချစ်တက်ပြီပေါ့Tahanan ng mga kuwento. Tumuklas ngayon