ep29💜

2K 121 8
                                    

ဒီနေ့ကတော့ရှောင်းကျန့်ရဲ့နှလုံးအစားထိုးကုသရမဲ့နေ့

ရှောင်းကျန့်ပဲကံကောင်းတယ်ပြောရမလားတစ်ဘက်ကလှူဒါန်းသူကပဲကံဆိုးတယ်ပြောရမလား ရှောင်းကျန့်ခွဲစိတ်ဖို့စာရင်းသွင်းပြီးနောက်နေ့မှာနှလုံးလှူဒါန်းခဲ့တဲ့သူကအက်စီးဒန့်ဖြစ်ပြီးဆုံးသွားတယ် ဒါကြောင့်ပဲသူခုလိုစောစောခွဲစိတ်ဖို့လာတာ မဟုတ်ရင်နှလုံးလှူဒ့န်းသူကိုစောင့်နေရင်းဆေးရုံဆင်းဖို့လုပ်ထားတာခုတော့ဆေးရုံဆင်းစရာမလိုဘဲတခါတည်းခွဲစိတ်ဖို့ဖြစ်သွားတာ

"သားကျန့်ကျန့်အားတင်းထားနော်ခွဲစိတ်ပြီးရင်အားလုံးအဆင်ပြေသွားမှာ"

"ဟုတ်ကဲ့ပါမားရဲ့ကျန့်ကျန့်ကစိတ်မာတယ်ဆိုတာမားသိပါတယ် သားအဆင်ပြေမှာပါ"

"ကျန့်ကောကျားရို့ ခွဲစိတ်ပြီးရင်အရင်ကလိုပျော်ပျော်ရွှင်ရွှင်နေကြမယ်နော် ကျန်းကျန်းမာမာနဲ့ပြန်လာရမယ်နော်ကော"

"အွန်းရိပေါ်ကောကိုစောင့်နေနော် "

"အွန်းစောင့်နေမယ်"

"ကျန့်ကျန့် fighting ငါ့သူငယ်ချင်းစိတ်မာတာငါသိပါတယ်"

"အေးပါကွာသိပြီးရော"

"ရှောင်းကျန့်ကော fightingနော်"

"အွန်း"

ရှောင်းကျန့်ကိုအကုန်လုံးအားပေးစကားပြောပြီးတဲ့နောက်ခွဲစိတ်ဖို့အတွက်သူနာပြုမလေးတွေကခွဲစိတ်ခန်းထဲကိုခေါ်သွားကြသည်။

ရှောင်းကျန့်လည်းမားရယ်လောင်၀မ်ရယ်သူငယ်ချင်းတွေရယ်ကအားပေးစကားတွေပြောလိုက်တော့ခွဲစိတ်ဖို့ကိုအရင်ကလောက်မကြောက်တော့ပဲအင်အားတွေရှိလာသလို

ရှောင်းကျန့်ကိုဆရာ၀န်တွေလည်းမေ့ဆေးပေးပြီးခဏကြာတော့စတင်ခွဲစိတ်ကြတော့သည်။

ရှောင်းကျန့်ခွဲစိတ်ခန်းထဲ၀င်သွားတည်းကရှောင်မားလည်းထိုင်ပြီးခွဲစိတ်တာအဆင်ချောဖို့အမျိုးမျိုးဆုတောင်းနေသည်

ရိပေါ်ကလည်းဟိုလျှောက်ဒီလျှောက်လုပ်ပြီးသူ့ရဲ့ကျန့်ကောအတွက်ဆုတောင်းနေသည်

မင်းနဲ့မှချစ်တက်ပြီပေါ့Where stories live. Discover now