နေ့လည်ထမင်းစားဝိုင်းလေးကတော့ပျော်ရွှင်ဖွယ်အတိ။ရိပေါ်ကေတာ့ကျန့်ကျန့်ကိုကြည့်လိုက်ထမင်းစားလိုက်နဲ့အလုပ်ကိုရှုပ်နေတာပဲ
ကြားထဲကမျက်စိနောက်လာတဲ့၀မ်ပါးက
"ရိပေါ်သားဘယ်လိုဖြစ်နေတာလဲ ပါးတောင်သားကြည့်ပြီးခေါင်းမူးနေပြီ "
"ဟီး ကျန့်ကျန့်ဘယ်လိုနေသေးလဲစိတ်မချလို့ကြည့်နေတာ"
"အဲ့ဒါများသားရယ်တစ်ခါတည်း၀င်စားခိုင်းလိုက်ပြီး ဂရုစိုက်လိုက်တာမဟုတ်ဘူး"
"ရပါတယ်သခင်ကြီး ကျန့်ကျန့်သက်သာနေပါပြီနောက်ပြီး ကျန့်ကျန့်ပြောစရာရှိတယ်"
"အေးပြောလေ သမီးလေး"
"အမှန်တော့လေကျန့်ကျန့်ကယောင်္ကျားလေးပါ နာမည်အရင်းကရှောင်းကျန့် သခင်ကြီးတို့ကိုလိမ်ခဲ့မိလို့တောင်းပန်ပါတယ်နော်"
"ဟင် ရှောင်းကျန့်ဆိုတော့ရှောင်အိမ်တော်ကလား"
"ဟုတ်ပါတယ်သခင်ကြီးဘာလို့လဲဟင်"
"ရှောင်အိမ်တော်နဲ့၀မ်အိမ်တော်ကမိတ်ဖက်တွေလေ ရှောင်သူဌေးဆုံးပါးသွားတည်းက ရှောင်အိမ်တော်သတင်းပျောက်သွားခဲ့တာကြာပေါ့သားရယ် အခုလိုရှောင်အိမ်တော်ကသားလေးနဲ့ပြန်ဆုံရတာ၀မ်းသာပါတယ် နောက်ပြီးကျန့်ကျန့်ကိုစိတ်မဆိုးပါဘူး အကုန်လုံးမှာသူ့အကြောင်းပြချက်ကိုယ်စီနဲ့ပဲလေ အဲ့ကြောင့်မနေ့ကစိတ်ထဲတော့တွေးမိသား ရှောင်အိမ်ကသားလေးမှာလည်းအဲ့လိုေမွးရာပါနှလုံးရောဂါရှိတယ်လို့ တူလိုက်တာလို့တောင်တွေးမိသေးတယ်"
"ကျေးဇူးပါသခင်ကြီးရယ် ကျန့်ကျန့်ကိုစိတ်မဆိုးလို့ "
"ရပါတယ်သားရယ် ဒါနဲ့ရှောင်မားရောနေကောင်းလား"
"ဟုတ်ကောင်းပါတယ် ပါးဆုံးပြီးပြီးချင်းတော့အိပ်ရာထဲကမထနိုင်ဘူး ခုတော့အများကြီးသက်သာနေပါပြီ"
"အေးပါကောင်းပါတယ်အဲ့ကြောင့်ကိုမြင်တည်းကသမီးအရင်းလေးလိုချစ်မိတာခုတော့သားလေးပေါ့ နောက်ပြီးသခင်ကြီးလို့မခေါ်ပါနဲ့တော့ အစတည်းကခေါ်စေချင်တာမဟုတ်ဘူး ၀မ်ပါးလို့ပဲခေါ်ပါရင်းရင်းနှီးနှီးနေကြတာပေါ့"
ESTÁS LEYENDO
မင်းနဲ့မှချစ်တက်ပြီပေါ့
Romanceကြယ်လေးရဲ့3ပုဒ်မြောက် Yizhanficလေးပါ အရင်ficလေးတွေနဲ့နည်းနည်းကွဲပါမယ်နော် အားပေးကြပါအုံး💜💜