ep31💜

1.9K 119 8
                                    

ညနေကျတော့ရှောင်းကျန့်လည်းသက်သာလားဆရာ၀န်ကြီးကထပ်မံစစ်ဆေးကာ ဆေးရုံကဆင်းစေလိုက်သည်

တိုက်တိုက်ဆိုင်ဆိုင်ရှောင်းကျန့်ဆေးရုံဆင်းပြီးနောက်နေ့ဟာ Qixi Festival (Valentine Day) ဖြစ်နေတယ်

အဲ့နေ့လေးကိုရှောင်းကျန့်ကဆေးရုံလည်းတက်နေရတာဆိုတော့မေ့နေလေသည်

ရှောင်းကျန့်ကိုလူနာစောင့်ရင်းဖုန်းDateကိုကြည့်မိပြီးမနက်ဖြန်ဟာvalentine dayမှန်းသိလိုက်တဲ့ရိပေါ်

ခုတော့အသိမပေးသေးဘဲမနက်ဖြန်မှပျော်အောင်လုပ်ပေးဖို့ပြင်ဆင်နေလေသည်

ရှောင်းကျန့်တို့လည်းလိုအပ်တာတွေသိမ်းပြီးဆေးရုံကဆင်းလိုက်သည်

ကျန့်ကောကိုလာကြည့်တဲ့ဟိုနှစ်ယောက်ကိုလည်းမနက်ဖြန်valentime dayဆိုတာကျန့်ကောကိုမပြောအောင်နှုတ်ပိတ်ရသေးတယ်

သူတို့နှစ်ယောက်လည်းကျန့်ကောဆေးရုံဆင်းတော့သူတို့လည်းအိမ်ပြန်သွားကြသည်

ရိ‌ပေါ်လည်းရှောင်မားနဲ့ကျန့်ကောကိုအိမ်လိုက်ပို့လိုက်သည်။

"ရှောင်မားဒီညသားဒီမှာပဲအိပ်လိုက်မယ်နော်ကျန့်ကောနားပဲရှိချင်လို့"

"ရိပေါ်လေးသဘောပါရှင့် သားတို့အပေါ်တက်နားလိုက်ကြမားညစာချက်လိုက်မယ်ဟုတ်ပြီလားတစ်ယောက်မှဆင်းမလာကြနဲ့နော်"

"ဟုတ်ကဲ့မားပါ အရမ်းကြီးလည်းချက်မနေနဲ့နော်မားလည်းကျန့်ကျန့်ကိုစောင့်နေရလို့ပင်ပန်းနေတာကို"

"ငါ့သားလေးတွေအတွက်ချက်ပေးရတာပင်ပန်းတယ်လို့မဆိုပါဘူးမားချက်ထားတာတွေအားရှိပါးရှိစားတာမြင်ရတာနဲ့ကိုပီတိဖြစ်နေရတာ"

"အဲ့ကြောင့်မားကိုအရမ်းတွေချစ်နေရတာသိရဲ့လား"

"သားရောပဲရှောင်မားကိုအရမ်းချစ်တာပဲ"

"ဟုတ်ပါပြီအချွဲလေးနှစ်ယောက်ရယ်မားကလည်းချစ်ပါ့ရှင် ယန်ယန်လေးကတောင်ပြောနေသေးတယ်ညစာလာပို့ပေးရမလားတဲ့ အဲ့ကလေးမလေးလည်းသားကိုအရမ်းချစ်တာပဲနော်"

"ဟုတ်တယ်မားရဲ့ကျဲယန်ကကျန့်ကျန့်ကိုမောင်လေးအရင်းတစ်ယောက်လိုသဘောထားပြီးချစ်တာ"

မင်းနဲ့မှချစ်တက်ပြီပေါ့Where stories live. Discover now