အားချန် မရှိတဲ့ နေ့ရက်တွေဟာ နွေလယ်ခေါင်မှာ တစ်ယောက်တည်းနေရသလို ခြောက်ကပ်ကပ်နိုင်လှသည်။ အဆင်ရော ပြေရဲ့လား။ နေရော ကောင်းရဲ့လား။ ဒီမှာတောင် အရမ်းအေးနေပြီ။ ဟိုမှာဆို ပိုများ အေးနေမလား။ နိုင်ငံခြားသတင်း နားထောင်လေ့ မရှိတဲ့ ကျွန်တော်က အခုတော့ သြစတြေးလျယားနိုင်ငံ ရဲ့ သတင်းတွေကို အဆက်အပြတ် နားထောင်လာပြီ။ အားချန် သြစီ သွားခဲ့တာ ၅ လတောင် ပြည့်တော့မှာဘဲ။
သူများတွေ ခရစ္စမတ်ပွဲတော် အတွက် အိမ်ပြန်ကြချိန် အားချန်ရော ပြန်ချင်ရှာမှာဘဲ။ 7LOTUS အဖွဲ့ကလည်း အခုဆို ပိုတောင်အောင်မြင်လာပြီ။ Korea မှာလည်း ဖျော်ဖြေနေရသလို ဂျပန် နဲ့ ထိုင်းမှာပါ ဖျော်ဖြေဖို့ ကမ်းလှမ်းခံထားရပြီ။
အားချန် မရှိပေမယ့် Fan လေးတွေက အားချန်ရဲ့ ပုံတွေ ပွဲကို ယူယူလာကြသည်။ တစ်ခါကဆို ဝေ့၀ူရှန့် နဲ့ ၀မ်းနင် ဆို သီချင်းဆိုရင် ငိုမိကြတဲ့ အထိ။ အားချန် ဆိုရမဲ့ အပိုဒ်ဆိုရင် Fan လေးတွေက ဆိုပေးကြတယ်။ မင်းကို သူတို့လေးတွေက စင်မြင့်ထက်မှာ ပြန်မြင်ရဖို့ စောင့်စားနေကြတယ် ဆိုတာ မင်းလေး မမေ့ပါနဲ့ အားချန်။
ဖေး - ရှီးချန်ကော
ရှီးချန် - ကျစ်! ဘာကိစ္စလဲ လော့ဖေးဖေး။
ဖေး - ဖေး နဲ့ အတူတူ နေ့လည်စာ သွားစားရအောင်။
ရှီးချန် - ငါ မအားဘူး။
ဖေး - ဖေး လည်း မအားပါဘူး။ ဒါပေမယ့် ရိုက်ကွင်းကနေ ပြန်လာပြီး ကော ရဲ့ နေ့လည်စာစားချင်လို့ပါ။
ရှီးချန် - မင်းကို ငါက လာခိုင်းလို့လား။ လော့ဖေးဖေး မင်းက အခုချိန်မှာ အစစ အရာရာ အနေအထိုင် ဆင်ခြင်ရမဲ့ မင်းသမီးနော်။
ဖေး - ကော က ဖေးကို စိတ်ပူနေတာလား
ရှီးချန် - မင်းကို စိတ်ပူရအောင် မင်းက ဘာမို့လို့လဲ။
ဖေး - ဖေးနေရာမှာ ကျန်းဝမ်ရင် ဆို ကော ...
ရှီးချန် - မင်း ပါးစပ်ပိတ်လိုက်။ အားချန် အမည်ကို မင်းက ဘာကိစ္စ ပြောရတာလဲ။ အားချန် နဲ့ မနှိုင်းယှဉ် နဲ့။ အားချန် က အစစအရာရာ မင်းထက်သာတယ်။ ချင်းချင်း လော့ဖေးဖေး ကို လာဆွဲထုတ်။
YOU ARE READING
Fanfictionကျွန်တော်ဟာ အမြဲတမ်း အသည်းကွဲနေသူတစ်ယောက်။ ကျွန်တော် ချိန်လိုက်တိုင်း သူတို့က နောက်တစ်ယောက်နဲ့ ပါပါသွားတော့ ကျွန်တော့်မှာ ချိန်ပါကြီးကိုဖြစ်လို့။ လန်ရှီးချန် တစ်နေ့ အောင်မြင်ကျော်ကြားတဲ့ Idol တစ်ယောက် ဖြစ်စေရမယ်။ အချစ်လား ဝေးလာဝေး။ အယုံအကြည်မရှိလိ...