🍒17🍒{Zawgyi & Uni}
734 103 5
ကျန်းချန် နဲ့ ၀ူယောင်း ကော်ဖီဆိုင်မှာ ထိုင်နေတာ ကြာပြီ အခုထိ နှစ်ယောက်သား ဘာစကားမှ မပြောဖြစ်ကြသေး။
ဝူယောင်း ဘက်က ကျန်းချန် ကို ဒူးထောက်ပြီး အနူးအညွတ် တောင်းပန်ခဲ့တာကြောင့် ကျန်းချန် က ပြီးခဲ့တာတွေ ပြီးပါစေတော့ ဆိုပြီး ၀ူယောင်းကို သူငယ်ချင်းအနေနဲ့ ဆက်ခင်ခဲ့သည်။ ကျန်းချန် ဘက် က သူငယ်ချင်းအနေဖြင့် ဆက်ဆံခဲ့သော်လည်း ၀ူယောင်းဘက်ကတော့ မရိုးမသား ဖြစ်ခဲ့သည်။ အရင်ကတည်းက ကျန်းချန် လက်ကို မလွှတ်ခဲ့ရင် အခုချိန် ဒီလိုဝေးရမှာ မဟုတ်။
ဒီအခြေအနေလေးကိုလည်း နှစ်သက် သဘောကျမိသည်။ ချစ်ရသူကို မပိုင်ဆိုင်ရရင်တောင် မြင်နေခွင့် ငေးကြည့်ခွင့်လေးတော့ အနည်းဆုံး ရှိသေးတာဘဲ။ ချစ်ရသူက အခုချိန်မှာ တလက်လက် တောက်ပနေတဲ့ ကြယ်ပွင့်လေး တစ်ပွင့်။ ကိုယ်လို လူက မြေပြင်မှာပေါက်တဲ့ မြက်ရိုင်းသာသာ တာ။
ဝူယောင်း - ၀မ်ရင်
ကျန်းချန် - အင်း
ဝူယောင်း - တစ်ခုခု ဖြစ်နေတာလား။ ကိုယ့်ကို ရင်ဖွင့်လို့ ရတယ်နော်။
ကျန်းချန် - ဘာမှ မဖြစ်ပါဘူး။ ကော်ဖီ အတွက် ကျေးဇူးဘဲ။ ငါ သွားစရာလေး ရှိလို့။
ကျန်းချန် ၊ ၀ူယောင်းကို နှုတ်ဆက်ပြီး ကော်ဖီဆိုင်မှ ထွက်လာလိုက်သည်။ ကျန်ခဲ့တဲ့ ၀ူယောင်းမှာ တစ်စက်မှ မလျော့တဲ့ ကော်ဖီခွက်ကိုသာ စိုက်ကြည့်ရင်း ကျန်ခဲ့သည်။
ကျန်းချန် တက္ကဆီငှားလိုက်ပြီး အလွတ်မှတ်မိနေတဲ့ နေရာကို ထွက်လာလိုက်သည်။ တကယ့် သူဋ္ဌေးတွေသာ ၀ယ်နေနိုင်တဲ့ ........အိမ်ရာဘက် ရောက်တော့ ကျသင့်ငွေကို ရှင်းပြီး 15 လွှာ က လန်ရှီးချန် ရှိနေမဲ့ အခန်းကို တတ်လာလိုက်သည်။ထိုနေရာကို ဘယ်လိုသိလဲ ဆိုတော့ ဦးဦးပြောပြလို့ သိနေချင်း။
၁၅ လွှာ ရောက်တော့ အခန်း အမှတ် 1500 ဆိုတဲ့ အခန်းရှေ့ ရပ်လိုက်ပြီး ဘဲလ် တီးလိုက်သည်။ တစ်ကြိမ် ဖွင့်မလာ၊ ၂ကြိမ် ဖွင့်မလာ၊ ၃ကြိမ်မြောက်မှ
ချောက်*
- မင်ဂျွယ် Password သိနေတာကို ဘာလို့ ဘဲလ် တီး... ဟင် အားချန်!!