ညစာ စားပွဲတွင် လန်ရှီးချန် က ၀မ့်ကျီး နဲ့ ဝေ့၀ူရှန့် ကြားဝင်ထိုင်တော့ လန်ဝမ့်ကျီး တစ်ယောက် စူပုတ်ပြီလေ။
Kris - CEO လန် က ညီဖြစ်သူကို အရမ်းချစ်တယ် ထင်တယ်။
ရှီးချန် - ဒါပေါ့ ကျွန်တော့်မှာ ဒီညီဘဲ ရှိတာကို။
ပြုံးပြုံးလေးနဲ့ ပြန်ဖြေတဲ့ ရှီးချန် ကို ဟွိုက်ဆန်းဘေး ထိုင်နေတဲ့ မင်ဂျွယ် မျက်နှာမဲ့ပြသည်။ မသိရင် ခက်မယ် လန်ရှီးချန်ရေ။ ညစာစားတော့လည်း ညီဖြစ်သူကို ဘေးချိတ်ပြီး ဝေ့၀ူရှန့် ကိုသာ ဟင်းထည့်ပေးနေတဲ့ လန်ရှီးချန်။ ကျန်တဲ့ လူတွေ က သူတို့ အာရုံနဲ့ သူတို့မို့ သတိမထားမိ။ နျဲ့မင်ဂျွယ်ကတော့ ၀ိုင်သောက်ရင်း အကဲခတ်နေသည်။
*လန်ရှီးချန် လန်ရှီးချန်၊ ဘေးနားက ပြာကျမတတ်ကြည့်နေတဲ့ ညီကို တစ်ချက်တောင်လှည့်မကြည့်ဘူး။ ငါတော့ မြင်ယောင်ပြီ။ *
ဝေ့ - ဟို CEO အေးဆေးစားပါဗျာ။ ကျွန်တော့် ကိုယ့်ဘာသာ ယူစားနိုင်ပါတယ်။
ရှီးချန် - ကိုယ့်တို့ Ent ရဲ့ တတ်သစ်စ လူငယ်လေးကို ဂရုစိုက်တာဘဲ ဘာမှ မဖြစ်ပါဘူး။
လန်ကျန့် - အဟင်း ဂရုစိုက်တာလဲ ဝေ့၀ူရှန့် တစ်ယောက်တည်းကိုဘဲ ကွက်စိုက်တယ်။ ကျန်တဲ့ Member တွေကျတော့ သောက်ဖက်တောင်မလုပ်ဘဲနဲ့။
မင် - ခွီး!!
ဟွိုက် - ကော ဘာဖြစ်တာလဲ။
မင် - ဘာမှ မဖြစ်ဘူး။
ကျန်းချန် - ဟွိုက်ဆန်း အဲ့နှာဘူးရုပ်ကြီးနဲ့ လူက CEO ဆိုသူလား။
ဟွိုက် - ဟုတ်တယ်လေ။
ကျန်းချန် - ငါ့အစ်ကိုနား ကပ်ပြီး ဘာလုပ်နေတာလဲ။ မသိဘူး။ တောက်စ် တွေ့မယ်။
ဝမ်းနင် - ကျန်းချန် မင်းဘာလုပ်မလို့လဲ။
ကျန်းချန် - စောင့်ကြည့်။
ကျန်းချန် လိမ္မော်ဖျော်ရည်ခွက်ကို ယူပြီး ထိုင်နေမှ ထသွားသည်။ ကျန်တဲ့ လူတွေက ပွဲကြည့်ပရိသတ်။ ကျန်းချန် ဝေ့၀ူရှန့် နား ရောက်တော့ တမင်ချော်လဲချင်ယောင်ဆန်ပြီး ရှီးချန်ပေါ်ကို အအေးတွေ လောင်းချလိုက်သည်။
YOU ARE READING
Fanfikceကျွန်တော်ဟာ အမြဲတမ်း အသည်းကွဲနေသူတစ်ယောက်။ ကျွန်တော် ချိန်လိုက်တိုင်း သူတို့က နောက်တစ်ယောက်နဲ့ ပါပါသွားတော့ ကျွန်တော့်မှာ ချိန်ပါကြီးကိုဖြစ်လို့။ လန်ရှီးချန် တစ်နေ့ အောင်မြင်ကျော်ကြားတဲ့ Idol တစ်ယောက် ဖြစ်စေရမယ်။ အချစ်လား ဝေးလာဝေး။ အယုံအကြည်မရှိလိ...