🍒13🍒{Zawgyi & Uni}
735 108 19
ဖေး - ဘာ ရှင့်ကို အလုပ်ထုတ်လိုက်တယ်။
- ဟုတ်တယ်။ ငါ့ကို ၃လစာ ပေးပြီး ထုတ်လိုက်တာ။ သူတို့ သိသွားလို့လား။
ဖေး - မဖြစ်နိုင်တာ။ သူတို့ သိရင် ဒီအတိုင်းငြိမ်နေပါ့မလား။ ဒါနဲ့ မနေ့က ပါဆယ်ဗူး ပို့လိုက်လား။
- ပို့လိုက်တယ်လေ။ ပြီးတော့ ည ၁၂ နာရီကြီး လန်ရှီးချန် Dorm ကို သွားတယ်။ သူနဲ့ ကျန်းဝမ်ရင် ကြား တစ်ခုခု တော့ ရှိလောက်တယ်။
ဖေး - ဒီမှာ လန်ဝမ့်ကျီး နေမကောင်းလို့ ဆေးရုံသွားတဲ့ ပို့စ်တွေ တတ်နေတယ်။ သတင်းစာရှင်းလင်းပွဲတဲ့။
- ဘယ်လို ဆက်လုပ်မှာလဲ။
ဖေးဖေး စဉ်းစားရကြပ်သွားသည်။ နောက်တစ်မျိုး ထပ်ပြောင်းရမှာဘဲ။
ဖေး - လောလောဆယ် ဘာမှ စဉ်းစားလို့ မရဘူး။ ခနလေး ငြိမ်ရအောင်။ သူ Public ရှေ့ ပြန်ရောက်မှဘဲ။ အခုတလောတော့ ပိုက်ဆံပေးထားတဲ့ လူတွေ ကို ခနနားခိုင်းလိုက်။
- အင်း။ ဒါဆို ကျွန်တော့်ကို သွားခွင့်ပြုပါအုံး။
ထိုလူ ထွက်သွားတော့ လော့ဖေးဖေး က ဖုန်းကို ယူပြီး နံပါတ် အချို့ကို နှိပ်လိုက်သည်။ ထိုနောက်မှာတော့ Sexy ကျကျ ၀တ်ဆင်ပြီး တိုက်ခန်းမှ ထွက်လာခဲ့သည်။
••
•••
ရှီးချန် - ဒါ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စ။ သူဋ္ဌေးဟန် လည်း သူ့အကြောင်းကောင်းကောင်းသိနေတာကို ဘာကြောင့်များလဲ။
သူဋ္ဌေးဟန် - လော့ဖေးဖေး က အခုတလော သူပြန်ကြိုးစားလာတယ်။ မာန်မာနဆိုတာလည်း မရှိတော့ဘူး။ ပြီးတော့ အခုချိန်မှာ ကျန်းဝမ်ရင်ကြောင့် ပြဿနာ ဖြစ်နေချိန် သူ့ကို စာခုပ်ချုပ်လိုက်ရင် ငြိမ်းသွားမှာဘဲ။
- ဟုတ်တယ် CEO ကျွန်တော် လည်း လော့ဖေးဖေး ကို စာချုပ်ပြန်ချုပ်ဖို့ အတွက် ထောက်ခံပါတယ်။
အားလုံးက စာချုပ်ပြန်ချုပ်ပေးဖို့ တောင်းဆိုကြတော့ ရှီးချန် ခေါင်းကိုက်သွားသည်။
ရှီးချန် - ကျွန်တော် စဉ်းစားပေးပါမယ်။ ဒီနေ့တော့ အစည်းအဝေး ဒီလောက်နဲ့ သိမ်းပါမယ်။