ဒီနေ့ လော့ဖေးဖေးကို စီရင်ချက်ချမဲ့နေ့။ ကျန်းလင်မယား၊ ကျန်းယန်လီ ၊ ကျန်းချန် နဲ့ ရှီးချန် တို့ရယ် သတင်းထောက် အနည်းငယ်ရယ်သာ တတ်ရောက်ခဲ့တဲ့ တရားခွင်
- တရားခံဖြစ်သူ လော့ဖေးဖေး သည် တရားလို ဖြစ်သူ ဖန်ရီအာ ကိုလူမိုက်ငှားပြီး မိန်းကလေးတစ်ယောက်ကို စော်ကားဖျက်ဆီးစေးခိုင်းခဲ့မှု၊ ကျန်းယန်လီ ကို ကားဘရိတ်ကြိုးဖြတ်ပြီး လူသတ်စေမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ ကျန်းဝမ်ရင် ကို လူများရှေ့တွင် ကတ်ကြေးနဲ့ ထိုးသတ်မှု။ စတဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့သူ တရားခံ လော့ဖေးဖေး ကို သေမိန့် ချမှတ်ပါသည်။ တရားခွင် ရပ်စဲခွင့်ပြုပါ။
တရားသူကြီးရဲ့ တူထုသံ အဆုံး လော့ဖေးဖေး ပြုံးလိုက်မိသည်။ တရားခံကို ခေါ်သွားတဲ့ တစ်လျှောက် ယွီဇီယွမ် မှာ မျက်ရည်ဝဲစွာ ကြည့်နေခဲ့သည်။
ကျန်းချန် - မား နှုတ်ဆက်ချင်လား။
ဇီယွမ် - ဘာကိစ္စနှုတ်ဆက်ရမှာလဲ။ မားတို့ အရင်ပြန်နှင့်မယ်။
ကျန်းချန် - ဟုတ်ကဲ့ မား။ ကျွန်တော် နဲ့ ကိုကို လက်ထပ်မှတ်ပုံတင် တင်ပြီးရင် အိမ်ကို လာခဲ့ပါမယ်။
ဖုန်းမြန် - အင်း အားချန်။ ကျန်းကတော် သွားရအောင်။ သမီး သွားရအောင်။
ယန်လီ - ဟုတ်ပါး။ အားချန် သွားပြီ။
ထွက်သွားသော ကားလေးကို ကြည့်ပြီး
ရှီးချန် - ကိုကို တို့လည်း သွားရအောင် အားချန်။
နှစ်ယောက်သား လက်ထပ်မှတ်ပုံတင်ရုံးကို ထွက်လာလိုက်သည်။ ရုံးရောက်တော့ ဓာတ်ပုံရိုက်၊ လက်မှတ်ထိုးပြီး
ကျန်းချန် - ကိုကို အခုဆို ကျွန်တော်တို့ တရားဝင်သွားပြီနော်။
ရှီးချန် - ဒါပေါ့ အားချန်ရဲ့။ ကိုယ်တို့ မခွဲရသေးဘူး။
ကျန်းချန် - ကျွန်တော် Fan လေးတွေ သိအောင် ကြော်ငြာလိုက်အုံးမယ်။
ကျန်းချန် က ဖုန်းထုတ်ပြီး စာအုပ်လေးကို စားပွဲခုံပေါ် တင်လိုက်သည်။ ပြီးတော့ ရှီးချန် လက်ထဲ သူ့လက်လေးကို ထည့်ပြီး ဓာတ်ပုံရိုက်လိုက်သည်။
YOU ARE READING
Fanfictionကျွန်တော်ဟာ အမြဲတမ်း အသည်းကွဲနေသူတစ်ယောက်။ ကျွန်တော် ချိန်လိုက်တိုင်း သူတို့က နောက်တစ်ယောက်နဲ့ ပါပါသွားတော့ ကျွန်တော့်မှာ ချိန်ပါကြီးကိုဖြစ်လို့။ လန်ရှီးချန် တစ်နေ့ အောင်မြင်ကျော်ကြားတဲ့ Idol တစ်ယောက် ဖြစ်စေရမယ်။ အချစ်လား ဝေးလာဝေး။ အယုံအကြည်မရှိလိ...