Part 1
" ဖြိုးရေ..သားလေးဖြိုး "
အိမ်အပေါ်ဆုံးထပ် ဝရန်တာမှာ ပန်းတွေကိုရေလောင်းရင်း ဒေါ်လေးခေါ်သံကြောင့် လှည့်ကြည့်လိုက်သည်။
" ဧည်သည့်လာတယ် "
"ဘယ်သူလဲ "
" နေသစ်တဲ့ "
" ဒီနေရာကိုလွှတ်ပေးပါ ဒေါ်လေး "
" ဒီနေရာက သားသူစိမ်းတွေကို
မခေါ်ချင်တဲ့နေရာလေ "" သူကိုတော့ လွှတ်ပေးပါ "
ဒေါ်ချယ်ရီ သက်ပြင်းချကာ အောက်ဆင်းသွားသည်။
" လန်းဆန်းသွားတာပဲ "
နေသစ် ဝရန်တာမှာစိုက်ပျိုးထားတဲ့ပန်းအိုးတွေကိုကြည့်ပြီး စိတ်ချမ်းသာစွာပြောလိုက်သည်။
ထိုင်ဆိုဖာထားထားတဲ့ အပြင် ပန်းတွေနဲ့ ဆင်ယင်ထားတဲ့ ဒန်းကိုလည်း တွေ့ ရသည်။" နာမည်ကဖြိုးယံနော် "
ဆံပင်ကအလယ်ခွဲ..အသားဖြူဖွေးပြီး မျက်ခုံးကောင်းကောင်းနဲ့ကောင်လေးရဲ့ မျက်လုံးကတော့ တောက်ပမှုမရှီပဲ ဝမ်နည်းအားငယ်တဲ့အကြည့်နဲ့
သူ့ကိုကြည့်နေသလို ခံစားရသည်။"ဟုတ်ကဲ့ "
" ကျွန်တော့်နာမည်နေသစ်ပါ ခန့်ပိုင်လှူထားတဲ့
နှလုံးနဲ့ အသက်ဆက်ရှင်ခဲ့ရတဲ့သူပါ "ကျွန်တော်ပြောတာမကြားဘူးလား ကျွန်တော်မျက်နှာကိုမကြည့်ပဲ သူ့အကြည့်က ကျွန်တော့်ရဲ့ရင်ဘတ်ဆီမှာ
" ခန့်ပိုင်ရဲ့အမေကပြောတယ် ဖြိုးလေးက.."
သူဘာလို့ ဖြိုးလေးလို့ခေါ်မိလိုက်တာပါလိမ့်
" ဖြိုးလေးက ခန့်ပိုင်ရဲ့အချစ်ဆုံးသူငယ်ချင်းဆိုလည်းဟုတ် ညီလေးဆိုလည်း.."
"ချစ်သူပါ "
သူ့စကားမဆုံးသေးဘူး ဝင်ရောက်ဖြေလိုက်တဲ့ ဖြိုးလေးကြောင့် သူအံသြသွားသည်။
"ဘာဆိုလို.. "
" ကျွန်တော်နဲ့ကိုကိုက ချစ်သူတွေပါ
မကြာခင်လက်ထပ်တော့မယ် သူတွေပါ "" ဟမ်! "
သူနှလုံးသားပိုင်ရှင်က သာမန်မဟုတ်ပဲ
ဒီကောင်လေးရဲ့ ချစ်သူတဲ့လား သူလာမိတာမှားပြီထင်တယ်။