Part 14
ဦးဘုန်းနိုင် သားကိုကြည့်လိုက် မိန်းမကိုကြည့်လိုက်နဲ့ အံသြနေမိသည်။
" ဘယ်လိုဖြစ်တာလဲ သားလေး "
" ဖြိုးယံက ဆန်းရေကြည်ဂေဟာရဲ့ ပင်တိုင်အလှူရှင်ဖြစ်တယ် Mommy အဲ့ဒါကြောင့်ညီလေးတွေနဲ့
သိနေတာ "" ညီလေး.. "
ညီလေးဆိုတဲ့အခေါ်အဝေါ်ကြောင့်
ဖြိုးယံကလေးတွေကိုဖက်နေရာကနေခွာပြီး
နေသစ်ကိုမော့ကြည့်လိုက်သည်။" ဟုတ်တယ်ညီလေး.. ဒီညီအစ်ကိုနှစ်ယောက်ကို Mommyတို့က မွေးစားလိုက်တာ "
နေသစ်ပြုံးပြီးပြန်ဖြေလိုက်သည်။
" ကိုကို..သားတို့ကိုလာခေါ်တာလာဟင် "
ဖြိုးယံ လင်းလက်ကိုရဲ့စကားကိုပြန်မဖြေခင်
နေသစ်ကိုကြည့်လိုက်သည်။" ကိုကိုကဗိုက်ဆာနေပြီတဲ့ ကိုကို့ကိုထမင်းကြွေးအုန်းမယ်နော်..ညီလေးတို့လည်းဆန်ပြုတ်သောက်ချိန်ရောက်ပြီ "
နေသစ်ဒူးထောက်ထိုင်ချကာပြောလိုက်သည်
" ကိုကိုနဲ့ညီညီနေမကောင်းဘူးလား "
" သားနေကောင်းတယ်
ကိုကို့ကိုတွေ့ရလို့နေကောင်းတယ် "သားကိုကိုပြောတာကို Mommyတို့သဘောကျစွာ
ကြည့်နေသည်။"သားရောပဲ "
ညီညီကနောက်ကလိုက်ပြောသည်။
" ကဲ့ အဲ့ဒါဆိုထမင်းစားရအောင် သားတို့ "
ဖြိုးယံကိုကိုညီညီလက်ကိုဆွဲပြီး ထမင်းစားခန်းထဲလိုက်သွားလိုက်သည်။
"နာမည်ကဖြိုးယံနော် "
"ဟုတ်ကဲ့အန်တီ ဖြိုးလေးလို့ခေါ်လည်းရပါတယ် "
" ကောင်းသားပဲ အဲ့လိုခေါ်တာပေါ့
ထည့်စားနော်သား "ဒေါ်စန္ဒာဖြိုးလေးပန်းကန်ထဲဟင်းထည့်ပေးလိုက်သည်။
" ဟင်းတွေကအကုန်ဆီများတယ်နော် နှလုံးရောဂါသည်က အဲ့လိုစားနေတာလား "
ဖြိုးယံစကားကြောင့် နေသစ်နဲ့နေသစ်မိဘတွေပါ
ပြုံးမိသည်။