Part 16
ဖြိုးယံဆိုင်မှာထိုင်စောင့်နေတုန်း
လူတစ်ယောက်သူရှေ့မှာပေါ်လာသည်။
ထိုလူအရပ်က ၆ပေနီးပါးရှီတယ်
အသားလတ်လတ် မျက်ခုံးကောင်းကောင်း
အပေါ် Shirtအဖြူ အောက်ကဂျင်းဘောင်းဘီနဲ့
တကယ့်ကိုခန့်ညားတဲ့ Gentle man ပုံစံပဲဖြစ်သည်။" အစ်ကိုထိုင်မယ်နော် "
ကျွန်တော်ထိုလူပုံစံကို အကဲခတ်နေတုန်း
သူကတောင်းဆိုလိုက်ခြင်းဖြစ်သည်။" ကျွန်တော်ကလူတစ်ယောက်နဲ့ချိန်းထားတာ "
" ကောင်လေးဆီနေတိုင်းနေ့ပန်းအိုးပို့နေတဲ့
လူတစ်ယောက်ကို စောင့်နေတာမှတ်လား "နေသစ်ပန်းအိုးပေးတာကို
ထိုလူကဘယ်လိုသိတာပါလဲ မဟုတ်မှလွဲရော
ထိုလူက" အစ်ကိုနာမည် ညီစေမင်းပါ စင်္ကာပူမှာ
ခန့်ပိုင်နဲ့တစ်အိမ်တည်းနေခဲ့တဲ့သူပါ "" ဗျာ! "
အံသြသွားတဲ့ကောင်လေးကိုကြည့်ပြီး
ညီစေမင်းပြုံးလိုက်သည်။" အစ်ကိုထိုင်မယ်နော် "
" ဟုတ်ကဲ့ "
" ပထမဆုံးအစ်ကိုတောင်းပန်ချင်တာက ခန့်ပိုင်ဆုံးတဲ့အချိန်မှာ အစ်ကိုသူ့နားမှာမရှီပဲ အင်္ဂလန်ရောက်နေခဲ့တယ်။ အစ်ကိုတစ်လတည်းပဲသွားတာပါ အဲ့တစ်လအတွင်း ဒီလောက်ထိဖြစ်သွားလိမ့်မယ်လို့
အစ်ကိုမထင်ခဲ့ဘူး ပိုပြီးဆိုးတာက
သေမိန့်ကျထားတဲ့သူက ကားမှောက်ပြီး
သေသွားမယ်လို့ အစ်ကိုမထင်ခဲ့ဘူး "ထိုလူစကားကြောင့် ဖြိုးယံ
အံသြတုန့်လှုပ်သွားသည်။" ဗျာ!..သေမိန့်ကျထားတဲ့သူ
အစ်ကိုဘာဆိုလိုတာလဲ "ညီစေမင်းစကားကြောင့် ဖြိုးယံ သိချင်စိတ်တွေ
ပြင်းလာသည်။" ခန့်ပိုင်က စင်္ကာပူမှာခဏခဏနေမကောင်းဖြစ်တယ် အဆိုးဆုံးကတော့ ခေါင်းကိုက်ဝေဒနာကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရတယ်။ သေချာစစ်ကြည့်တော့ ခန့်ပိုင်မှာ ဦးဏှောက်အကျိတ်ကင်ဆာဖြစ်နေတာကို သိခဲ့ရတယ် "
" မဟုတ်ဘူး..အစ်ကိုလိမ်တာ "
အစ်ကိုမှာရောဂါရှီတယ်တဲ့ ထိုလူပြောတဲ့
စကားတွေက ကျွန်တော်တစ်ခါမှ မကြားဖူး
မသိဖူးတာတွေဖြစ်သည်။