Part 6
" သား Daddyရဲ့ကုမ္ပဏီမှာ
ဘယ်တော့အလုပ်ဝင်မှာလဲ "နေသစ် မိဘတွေနဲ့ မနက်စာအတူစားရင်း
အဖေက နေသစ်ကိုကြည့်ကာ
စကားအစပျိုးလိုက်သည်။" ရှင်ကလည်း သားကမှနေမကောင်းသေးတာ "
" ကျွန်တော်ကျန်းမာရေးကောင်းပါတယ် Mommy "
" သေချာလို့လား သား "
" သေချာပါတယ် Daddy ပြီးတော့
ကျွန်တော် မနက်ဖြန်ကစပြီး Daddy ကုမ္ပဏီမှာ အလုပ်ဝင်ပြီး Daddyကို ကူညီတော့မှာပါ "" ကောင်းတယ်သား Daddyရဲ့ တစ်ဦးတည်းသောသားက Daddyအတွက် အားဖြစ်စေတာ
Daddy ဝမ်းသာတယ် "" Daddyနဲ့ Mommy ဒီနေ့ ကျွန်တော်နဲ့
တစ်နေရာကို လိုက်ခဲ့ပေးပါ့လား "" ဘယ်နေရာလဲ သား "
" ဆန်းရေကြည်မိဘမဲ့ဂေဟာပါ "
" မိဘမဲ့ဂေဟာ ဘာလုပ်ဖို့လဲသားရဲ့ "
ထူးဆန်းတဲ့သားရဲ့စကားကြောင့် ဦးဘုန်းနိုင်
မေးလိုက်သည်။" ကလေးမွေးစားချင်လို့ပါ Daddy "
" သားလေးဘာပြောလိုက်တာ
Mommyနားကြားများလွဲနေသလား "" Daddyတို့ကို နားလည်အောင်ရှင်းပြပါအုန်း
သားလေးရဲ့ ""ခက်နွယ်မွေးနေ့တုန်းက ဆန်းရေကြည်မိဘမဲ့ဂေဟာကို အလှူလုပ်ဖို့ ရောက်ခဲ့တယ် Daddy
အဲ့ဒီဂေဟာမှာ အမွှာကလေးနှစ်ယောက်ကို တွေ့ခဲ့တယ်။ အရမ်းချစ်စရာကောင်းတာပဲ Daddyနဲ့ Mommyတွေ့ရင်လည်း အရမ်းချစ်မှာပဲ အဲ့ကလေးနှစ်ယောက်ကို ကျွန်တော်မွေးစားချင်တယ် Daddy ဒါပေမဲ့ ဂေဟာက ဆရာမကြီးက မိစုံဖစုံရှီတဲ့သူမှ မွေးစားခွင့်ပြုမယ်ဆိုတာကြောင့် Daddyနဲ့ Mommyက မွေးစားဖို့တောင်းပေးပါ "" သားကခက်နွယ်နဲ့လက်ထပ်တော့မှာပဲလေ
ခက်နွယ်နဲ့ လက်ထပ်ပြီးမှ ကိုယ့်သားသမီးကို
မွေးပြီး ချစ်စမ်းပါ သားလေးရာ "" သားရဲ့Daddyပြောတာမှန်တယ်
ဂေဟာကကလေးမွေးစားဖို့မလိုပါဘူး သားကလေးချစ်တက်ရင် ခက်နွယ်နဲ့ လက်ထပ်ဖို့ Mommy
မြန်မြန်စီစဥ်လိုက်မယ်လေ "