episode_1

14.9K 709 53
                                    

မိုးဖွဲဖွဲလေးကျနေသော နေ့။

ထိုနေ့ ဘိုးဘိုးလွှတ်ပေးလိုက်တဲ့ ဦးလေးက သူကို ကားအကြီးကြီးတစီးလွှတ်ကာ ‌လာကြိုခိုင်းတာမို့ သူအကျီလေးတွေထည့်ထားသည့် ကျောပိုးအိတ်လေးကိုလွယ်ကာ ဖေဖေ၊မေမေရဲ့
ဓာတ်ပုံမှန်ဘောင်လေးကိုပိုက်ရင်း ထိုကားပေါ်တက်လိုက်ခဲ့မိသည်။

ထိုင်ခုံတွေကအိပြီး နွေးနွေးလေးနဲ့ နေလိုကောင်းတာမို့
ငိုထားရလို ပင်ပန်းနေတဲ့သူ မှေးကနဲ့အိပ်ပျော်သွားခ်ျန်။

"ကလေး ဆင်းလိုရပြီ"

ဆိုသောစကားနဲ့အတူ ကားတံခါးလေးဟာပွင့်သွားသည်မို့မပွင့်ချင်သေးတဲ့
သူမျက်လုံးလေးတွေကိုပွတ်ကာ ဓာတ်ပုံလေးကိုပိုက်ရင်း ကားပေါ်ကဆင်းမိသည်။

"ကျတော်ခေါ်လာပါပြိ "

ဒါရိုက်ဘာဦးဦးက ခလုတ်လေးတခုကိုနိုပ်ကာ အုတ်နံရံကြီးကို စကားပြောနေသည်မို့
သူသေချာကြည့်မိတော့မှ
Tvအသေးစားလေးတခု ထိုအုတ်နံရံပေါ်ရှိနေခဲ့သည်။

*ထူးဆန်းလိုက်တာ tvသေးသေးလေး*

ဆော့ဂျင်ရောက်ဖူးတဲ့ပန်းခြံတွေကလို လှလိုက်တဲ့ နေရာလေး
ရေတံခွန်လေးတောင်ရှိသေးတယ် ၊
ပန်းလေးတွေကလည်း အရောင်စုံရှိပြီး
လှလိုက်ကြတာ ၊
အကျီဆင်တူဝတ်ထားတဲ့ မမတွေ လဲည်းအများကြီးပဲရှိနေတာကိုတွေ့ရလိုက်တော့ ၊ ‌ဒီနေရာမှာ‌ဆော့ရရင် အရမ်းပျော်ဖို့ကောင်းမှာပဲလို
အတွေးလေးပေါ်လာမိပြန်တယ်။

ဒီလိုတွေးနေတုန်းမှာပဲ

လက်ကိုဆွဲလာတဲ့ ကားမောင်းတဲ့ဦးဦးက
သူကိုမြန်မြန်လျှောက်စေလာတာမို့
လက်ထဲက ဓာတ်ပုံလေးကိုဆုပ်ကိုင်ထားရင်း ပြေးလိုက်မိရပါတော့သည်။

"ရောက်လာပြိလား
အိမ်တော်ထိန်းကြီးရဲ့ မြေးလေး"

သူယခု

ကာတွန်းကားထဲမှာသာမြင်ဖူးတဲ့
အရောင်တွေတောက်ပပြီး အခန်းတွေအများကြီးပါတဲ့အိမ်ကြီးမျိုး ~ မဟုတ်ဘူး နန်းတော်
နန်းတော်ကြီးထဲရောက်သွားသလို
ဒီနန်းတော်ကြီးမှာရော စားပွဲအရှည်ကြီး‌ေပါ်မှာ
စားစရာတွေအများကြီးရှိနေန်ုင်မလား?

A R R O G A N T ✅ Completed Where stories live. Discover now