episode_16

4.3K 504 92
                                    

ဂျောင်ကုတ‌ယောက် ဟိုဆော့တို့ပိုင်တဲ့ စားသောက်ဆိုင်မှာ
နေ့လည်စာအတွက်ဘိုကင်ယူထားပြီး သူကလေးကိုချော့ရန်စီစဉ်ထားသည်။
ဘာမဆိုအကုန်စားပေမယ့် ပိုကြိုက်လေ့ရှိတဲ့အစားအသောက်တွေကိုသာ မှာပြီး လက်ဆောင်တချို့လဲသူဝယ်ထားလိုက်သည်။

ဒါကိုသူကြိုပြောလိုရပေမယ့်
တမင်လျိုဝုက်ထားခြင်းက
ဆော့ဂျင်ရဲ့အံဩသွားမယ်ပုံလေးမြင်ချင်လိုရယ် ၊ အခုတလော
မမြင်ရတော့တဲ့ ဆော့ဂျင်အပြုံးလေးတွေ အသက်ပြန်ဝင်ရန်အတွက်ရည်ရွယ်ထားမိသည်။

သူဟိုနေ့ကညက သူအိမ်ပြန်မအိပ်လို
အကောင်ပေါက်လေး သူအပေါ်‌စိတ်ကောက်နေမှန်းသိပါသည်။ အာ့နေ့ကလဲ ထယ်ယောင်းတို့ အဆွယ်ကောင်းတာမို့ သောက်ရင်းသောက်ရင်း နေရာမှာတင်အိပ်ပျော်သွားခဲ့သည်မို့ ဘယ်သူ ဟိုတယ်အခန်းငှားပြီး
လိုက်ပို့ပေးခဲ့မှန်းတောင်မသိလိုက်။

နိုးလာမှသိရတာက ထယ်ယောင်းတို့ပေါင်းပြီး လိုက်ပို့ပေးခဲ့တာတဲ့လေ ၊
ဖုန်းတောင် ပြုတ်ကျကျန်ခဲ့လို့
ဝိတ်တာကောင်မလေးက ပြန်လာပေးရတယ်တဲ့။

"ဝါး ငါ့ကောင်ကြီးတို့ လက်ထက်ပြီးမှ
ပရိုပိုစ့်လုပ်တော့မယ်ပေါ့ "

ဆိုင်ပိုင်ရှင်တဲ့ ဟိုဆော့
တဟားဟားရယ်ရင်းပြောလာတော့မှ
သူသတိရလာသည်က
သူဆော့ဂျင်ကို ပရိုပိုစ်မလုပ်ဖူးသေးဘဲ။

"ဆော့ဂျင်တော့ သဘောကျတော့မှာပဲ ၊
ဒီကလေးက
စားစရာတွေ့ရင် မျက်လုံးအရောင်လက်သွားတာ သိသာလွန်းတယ် ၊ ဟိုတခါ ထယ်ယောင်းခေါ်လာတုန်းကလဲ မုန့်တွေတွေ့လို ပျော်သွားတဲ့ပုံက တကယ်ကလေးလေးကြနေရော
မုန့်စားရင်လဲ ပါးဆို့လေးတက်လာပြီး
ချစ်ဖို့အရမ်းကောင်းတယ် "

ဟိုဆော့တယောက်သူသိတာကိုပြောနေရင်းက
ဂျောင်ကုဆီအကြည့်ရောက်တော့ သူ ဘုကြည့်ကြည်နေ‌ေလသည်။

"ဟား ဟား မင်းအခု သဝန်တိုနေတာလား?
မင်းရဲ့ဆော့ဂျင်ကိုချစ်ဖို့ကောင်းတယ်ပြောလိုလေ?'

A R R O G A N T ✅ Completed Where stories live. Discover now