"မင်းကိုမင်း ဘာအောင့်မေ့နေလဲ
ကင်မ်ဆော့ဂျင်
အသက်ကဘယ်လောက်များရှိသေးလို့
မင်းက သောက်ချင်နေရတာလဲ ဟမ်!!!!"
သူနိုးလာထဲက ဆူပူနေတဲ့ကိုကိုက ခရီးဆောင်အိပ်လေးကိုယူပြီး check outလုပ်ဖို့လာတဲ့နေရာထိ။"မင်းအသက်ဘယ်လောက်လဲ ပြောစမ်း'
"၁၉"
"ဘာ၁၉လဲ!!
၁၈နှစ်နဲ့အခုမှ ၂လပဲကျော်သေးတာ
အရမ်းကြီးချင်နေတယ်ပေါ့လေ
ပြီးတော့ ငါမပါဘဲ သူစိမ်းတွေနဲ့ အရက်ကသောက်လိုက်သေး၊ ဟိုတချါသာက်လို
ပြသာနာဖြစ်သွားတာ မမှတ်သေးလို့လား ထပ်ဖြစ်ချင်လိုလား
အလိုမျိုး "ကိုကိုသည်သူချည်းသာအပြစ်တင်ပြီး ဆူပူနေပါတော့သညါ။
မနေ့ကကိုကိုနဲ့ထွက်သွားတဲ့မိန်းကလေးအကြောင်းကိုတော့ တစက်လေးတောင်မပြောလာပါ။ သူလဲကိုကိုမပြောချင်တာကို လိုက်မမေးတော့ဘဲ။"တောင်းပန်ပါတယ် "
"တောင်းပန်တာနဲ့ ရလား!!!
တက် ကားပေါ်
မနေ့ကစဉ်းစားထားတာ ဒီနေ့တရက်ဆက်နေပြီး မသွားရသေးတဲ့နေရာနဲ့ မင်းစားချင်တာတွေဝယ်ကျွေးမယ်လို့ အခုတော့ လုံးဝပဲ "သူဝင်ပြီးသည်နှင့်ကားတံခါးကိုစောင့်ပိတ်ကာ ကိုကိုက ယာဉ်မောင်းနေရာတွင်ဝင်ထိုင်လိုက်သည်။ ထိုအချိန်ကိုကိုဖုန်းလေးတွင်မက်ဆေ့ဝင်လာသည်ကို အမှတ်တမဲ့တွေလိုက်ရသည်
*ဂျွန် ဒီနေ့ည
ဟန်နီတို့တွေရအောင် ဟန်နီ........ဆော့ဂျင်ရုတ်တရက်မို့စာကိုဒီလောက်ထိပဲဖတ်လိုက်ရသည်က
ကိုကိုကဖုန်းကိုအမြန်ကိုင်လိုက်ခြင်းကြောင့်။"အဟမ်း မင်းကိုက်ထားလို ငါကားတောင်သေချာမောင်းလိုမရဖြစ်နေတယါ "
လက်ထဲကဖုန်းကိုပြန်ချရင်း ကိုကိုကသူစကားစလာမည်ကိုစိုး၍ထင် စကားလမ်းကြောင်းလွဲလာသည်။
"တောင်းပန်ပါတယ် "
*ကျတော်ရှိနေလို မလွှတ်မလပ်ဖြစ်စေလို*အရှေ့ကစကားလေးကိုသာအသံထွက်ပြောမိတဲ့သူကို ထပ်ဆူလာပြန်သည့်ကိုကို။
YOU ARE READING
A R R O G A N T ✅ Completed
Nouvellesငါမာနက တားတယ် ၊ မင်းကိုချစ်တယ်လို ဖွင့်ပြောဖို့ ။