ခြောက်လတခါ ကင်ချီစိမ်ဖို့အတွက် သဘာဝ အော်ဂဲနစ်
ဟင်းသီးဟင်းရွက်တွေဝယ်ရန် နယ်ထိသွားရောက်ဝယ်ယူရသည့်က အိမ်တော်ကြီး၏
အစဉ်အလာတဲ့လေ ။ဒါကြောင့်ဘိုးဘိုးက နယ်ဆင်းကာ အသီးအနံတွေဝယ်ရန်အိမ်အကူမမတချိုနဲ့သွားလိုက်သည်။
သူလိုက်သွားချင်ပေမယ့် ဘိုးဘိုးကမခေါ်ပါ။
သူဘိုးဘိုးမရှိဘဲဒီအိမ်ကြီးမှာ နေချင်စိတ်မရှိသည်မို့ ကျောင်းကပြန်လာသည်နှင့် အခန်းလေးထဲဝင်နေနေမိပါသည်။
အိမ်စာတွေလဲသူလုပ်ပြီးပြီမို့ လူးလိမ့်ကာ
အိပ်ဖို့ကြံပေမယါ့ အိပ်မပျော်သေးပါ။ထိုအချိန်ဗိုက်ကလဲတဂွီဂွိမြည်လာသည်က
နေလိုမရအောင်မို့
အခန်းထဲစားစရာရှာသည်။
သို့ပေမယ့် တခုမှမတွေ့။ ကြံရာမရအဆုံး
အိမ်မကြီးထဲ စားစရာတခုခုရလိုရညား ရှာကြည့်ရန်ထွက်လာမိပါတော့သညါ။ရေခဲသေတ္တာကြီးကိုအသံမကြားအောင်ဖွင့် ကြည့်မိတော့
စားလက်စ ကိတ်တလုံးကိုတွေ့ရပါသည်။"အရသာရှိမယ်ပုံပဲ '
သူထိုကိတ်လေးကိုယူကာ
အားရပါးရစားမိနေပါသည်။
နေလည်စာလဲကောင်းကောင်း
မစားခဲ့သလို ကျောင်းတွင်လဲသူအရမ်းဆော့လာတာမို့ ၊ ဗိုက်အောင့်တဲ့အထိဗိုက်ဆာနေခဲ့မိတာ ။" အရသာရှိလိုက်တာ~ ဟီး ဟီး"
သူစားနေတုန်းမှာပဲ ကြားလိုက်ရတဲ့
ခြေသံ!!!အပေါ်ထပ်လှေခါးကနေ ခြေသံပြင်းပြင်းနဲ့ဆင်းလာတဲ့အသံ !!
ထိုခြေသံပိုင်ရှင်ကို မမြင်ရပေမယ့် ဘယ်သူမှန်းတန်းသိလိုက်တာမို့ ကိတ်လေးနဲ့အတူ
သူကိုယ်တိုင်ပါစားပွဲခုံအောက်ဝင်ပုန်းရန်ကြံမိတော့သည်။မဟုတ်သေးဘူးပဲ ၊
သူရှောင်လိုက်ရင်ရပြိပဲ။ဒီအကြံလေးကြောင့်
ကိတ်လေးကိုအသာဖွက်ကိုင်ကာ ခေါင်းလေးကိုငုတ်ရင်း မီးဖိုခန်းထဲကအလျင်အမြန်ထွက်ရန်ပြင်တုန်း။"မင်းဒါဘာလုပ်တာလဲ "
သူလက်ကိုလှမ်းဆွဲရင်း
ခပ်မာမာမေးလာတဲ့ကိုကို က
အရင်ကလိုပဲ မျက်နှာကအလိုမကျနေသည်ဟန်ဖြင့်။
YOU ARE READING
A R R O G A N T ✅ Completed
Short Storyငါမာနက တားတယ် ၊ မင်းကိုချစ်တယ်လို ဖွင့်ပြောဖို့ ။