episode_5

5.2K 507 33
                                    


ဘားက ကြမ်းပြင်ပေါ်နှစ်ခြိုက်စွာအိပ်ပျော်သွားသော
ဆော့ဂျင်ကို ပွေ့ချီရင်း အိမ်ကိုပြန်ခေါ်သွားမည်အတွေးက
တခါမှမသောက်ဖူးတဲ့အရက်တွေကို ဆရာကြီးလုပ်ပြီး
တယောက်ထဲသောက်
ခဲ့တဲ့ဆော့ဂျင်ကြောင့် အတွေးပြောင်းကုန်သည်။

ဒီအဆိုး‌လေးကသူအနားကထွက်သွားကာ
မကြာခင်လက်ထက်တော့မည်ဆိုသော အသိထပ်ဝင်တော့
ဘားရှိ တစ်ညတာတည်းခိုလိုရသည့် အခန်း
တခန်းကို ငှားယူလိုက်မိသည်။

"အင်းးးးးး~~''

အိပ်ပျော်နေတာတောင်ဘာတွေဝါးပြီး လျှာတွေသပ်နေလဲ
မသိတဲ့ အကောင်ပေါက်ကို မွေ့ယာပေါ်တင်ပေးလိုက်တော့
ကိုယ်လေးစောင်းကာ ဒူးနှစ်ဖက်ကွေးသွားရင်း
သူအိမ်သူယာရောက်နေသလို အေးဆေးစွာအိပ်နေတော့သည်။

သူတဖကါ‌စောင်းအိပ်နေတဲ့ကောင်လေးကို
ပက်လက်ပြန်ဆွဲလှန်လိုက်ကာ ကောင်း‌လေးဝတ်ထားသည့် အပေါ်ထပ်အနွေးထည်ကုတ်လေးကိုဆွဲချွတ်လိုက်ပြန်သည်။

အောက်ကဝတ်ထားသည် အဖြူရောင်ရှပ်အကျီလေးက ကြယ်သီးလေးတွေကိုသူဖြုတ်မိချိန် ချွေးစေးတချို့ပြန်လာမိသည်။ ဖြူနုနုရင်ဘတ်လေးထင်ရှားစွာပေါ်လာလေ သူအာတွေ
ခြောက်လာသလိုခံစားမိလာလေ ၊ ဒီနေရာမှာ သူမဟုတ်ဘဲ
တခြားသူက ဆော့ဂျင်ကိုဒီလိုပြုမူနေရင် ဆိုသော အတွေးဝင်လာတော့ အိပ်ပျော်နေသောကောင်လေးအပေါ် ဒေါသထွက်လာမိပြန်ပါသည်။

အတ္တများကြောင့် ထွက်ပေါ်လာသော အကြံဆိုးကဆော့ဂျင်ရဲ့
ခန္ဓာကိုယ်အပေါ်ပိုင်းကိုလစ်လပ်စေကာ သူကိုယ်တိုင်လဲ
ထပ်ဝတ်ထားသည့်ကုတ်နဲ့အဝတ်စားကိုချွတ်လိုက်သည်။
ဆော့ဂျင်ကိုယ်လေးကိုဆွဲပွေ့ကာသူရင်ခွင်ထည့်ထားရင်း
အမြင်မတော် အထင်လွဲလောက်သည့် ဓာတ်ပုံတချိုကို ဖန်တီးလိုက်သည်။

ရပြီ ။
ဒီလောက်ဆို သူလိုချင်တာရပြီ။

ဆော့ဂျင်ကိုယ်လေးကိုပြန်ပွေ့ထူကာ အဝတ်အစားတွေကို
ပြန်ဝတ်ပေးချိန် အဝတ်မဲ့နေတဲ့ကိုယ်ငယ်လေးရဲ့
အထိအတွေနဲ့ ၊ အနီးကပ်မြင်နေရသည် မျက်နှာနုနုကြောင့် စိတ်တွေကလွှတ်ထွက်မတက်ဖြစ်နေသည်ကိုမနည်းထိန်းနေရသည်။

A R R O G A N T ✅ Completed Where stories live. Discover now