"ဂျောင်ကု
မင်းဆော့ဂျင်နဲ့ ကွာရှင်းလိုက် "
"ဘာလို့လဲ ဘာလို့ကွာရှင်းရမှာလဲ!!!!"
သခင်မကြီးစကားသံအဆုံး ဂျောင်ကုရဲ့အသံကျယ်ကြီးဟိန်းထွက်လာပေမယ့်
တည်တည်ငြိမ်ငြိမ်နဲ့သာရှိနေတဲ့ သခင်မကြီးက။"အာတာ ငါကိုမေးရမှာမဟုတ်ဘူး
မင်းကိုမေးရမှာ
မင်းကဆော့ဂျင်နဲ့ကွာရှင်းချင်နေတာမလား?""ကျတော်ကလား?
ဘယ်တုန်းကလဲ?"သူစကားကြောင့် မေမေက
စားပွဲခုံပေါ် ဖုန်းတလုံးလှမ်းတင်ပေးလာသည်မို့ သူအလျင်ကောက်ကိုင်လိုက်သည်။
သူအရှေ့မှာထိုင်ေနတဲ့ဆော့ဂျင်ကေတာ့ခေါင်းကိုအတင်းငုတ်နေပြန်သည်မို့ ဖုန်းမျက်နှာပြင်ကိုကြည့်မိချိန်။"ဟင်!! မေမေဒါက ဒါတွေကဘာလဲ?"
"ဘာလို့မေးခွန်းတွေပဲထုတ်နေရတာလဲ
ဂျောင်ကု!!
ငါတို့ကမင်းကဆီကအဖြေလိုချင်လို ပြနေတာ!"
"ဒီပုံတွေက ဒီပုံတွေက!!!"
"မင်းအဖြေမပေးနိုင်လဲရတယ် ၊
ဘာမှမဖြေနဲ့တော့၊ မင်းဘက်က ဆော့ဂျင်လေးကို မကွာရှင်းခင် ငါဘက်ကအရင်ကွာရှင်းခိုင်းမယ် ပြီးမှ မင်းပတ်သတ်ချင်တဲ့ဟာတွေနဲ့ စိတ်ကြိုက်
သွားပတ်သတ် ပြီးရင်လဲ ငါအိမ်မှာမနေနဲ့ "သူပြောဖို့တော့မပေးဘဲ တဖက်သက်ကြီးပြောလာတဲ့ အမေဖြစ်သူစကားကြောင့် ဂျောင်ကုကိုယ်ခေါင်းကိုသာ ကုတ်မိတော့တယ်။
"အမေရာ ခဏေလးကျတော်ပြောဖို့ ပေးပါအုန်း!!
ဒီပုံတွေက အထင်လွဲနေတာပါဗျာ!!""အထင်လွဲတယ် ၊!!
ဒီမိန်းမနဲ့ ဒီလိုအနေအထားဖြစ်နေတာတောင် အထင်လွဲနေတာလိုပြောချင်တာလား?
ဟိုနေ့ကမင်းအိမ်ပြန်မလာတာလဲ အာ့မိန်းမနဲ့ အတူရှိနေတာမလား?
YOU ARE READING
A R R O G A N T ✅ Completed
Short Storyငါမာနက တားတယ် ၊ မင်းကိုချစ်တယ်လို ဖွင့်ပြောဖို့ ။