Intro

3.6K 141 3
                                    


Zawgyi




တိတ္ဆိတ္ေနတဲ့ ညစာစားပြဲဝိုင္းႀကီးရဲ႕ ထိပ္
တစ္ဖက္တစ္ခ်က္မွာ ကိုယ္စီထိုင္ေနတဲ့ သူတို႔
ႏွစ္ေယာက္........
ဇြန္းသံပန္းကန္သံေတြက နားေထာင္ေနက်သီခ်င္းသံေတြထက္ နားေထာင္လို႔ေကာင္းေနတာ ဘာလို႔လဲ........


ဘာလို႔လဲ......
Why နဲ႔စတဲ့ ေမးခြန္းေတြ သူ႔ဘဝမွာအမ်ား
ႀကီး႐ွိတယ္.....
ဘာလို႔ သူ ဒီအလုပ္ေတြလုပ္ေနရတာလဲ
ဘာလို႔ လီလီ့ကိုမွ ႐ူးမတတ္ခ်စ္ေနရတာလဲ
ဘာလို႔ လီလီက သူ႔ကိုေသေလာက္ေအာင္မုန္း
ေနရတာလဲ




" ရြံတယ္"


လီလီက အသက္ႏွစ္ဆယ္ေက်ာ္လာေပမယ့္
ကေလး႐ုပ္ေလးမေပ်ာက္ေသးဘဲ ခ်စ္စရာ
ေကာင္းေနဆဲ......
ရြဲ႔ေျပာတာေတြ မဲ့ျပံဳးေတြကေတာ့ ပီျပင္လာ
ၿပီေပါ့။



" ကလီစာေတြ မႀကိဳက္ဘူးလို႔ေျပာထားတယ္
ေလ"


မ်က္ခမ္းသားေလးေတြနီရဲလာတဲ့အထိ လီလီက သူနဲ႔ရန္မျဖစ္လိုက္ရရင္ စားမဝင္အိပ္မ
ေပ်ာ္ဘူးထင္ပါသည္။



" ၾကက္အသဲအျမစ္ပါဆို ကလီစာမဟုတ္လို႔
ဘာသြားခ်က္ရမွာလဲ"



" အင္းေပါ့..... ခင္ဗ်ားကေတာ့ ဘယ္ရြံမလဲ
ခင္ဗ်ားရဲ႕ Career ပဲေလ"


သူကေတာ့ ရန္မျဖစ္ခ်င္ဘူး။
ရင္နာရလို႔......



" ၿပီးၿပီ"

" ျပန္ထိုင္စမ္း! ! လာလီဆာ
ကိုယ္ မၿပီးေသးဘူးေလ"

" ခင္ဗ်ားဘာသာ ၿမိဳၿပီးေနခဲ့
ပတ္ခ်ယ္ေယာင္း"




တဒုန္းဒုန္းတက္နင္းသြားတဲ့ ေျခလွမ္းေတြ
ေအာက္ကေလွကားထစ္ေတြေပၚမွာ သူ႔ႏွလံုးသားကို ျပန္ျမင္ေနရတယ္။



" ေခြးမေလး.... "



ခ်စ္စႏိုးနဲ႔က်ိန္ဆဲလိုက္မိတာပါ။
တဝက္မက်ိဳးေသးတဲ့ ပန္းကန္ကိုၾကည့္ၿပီး
သက္ျပင္းခ်လိုက္မိတယ္။



" အိမ္ေတာ္ထိန္းကင္..... လီလီ့အခန္းထဲကို
ႏြားႏို႔တစ္ခြက္သြားပို႔ေပးပါ"


" ဟုတ္ကဲ့..... မမေလး..... "


ဘရန္ဒီတစ္ခြက္ဆြဲၿပီး စာၾကည့္ခန္းထဲဝင္လာခဲ့သည္။
စာၾကည့္ခန္းဆိုေပမယ့္ စာအုပ္ေတြတစ္အုပ္မွ
မဖတ္ျဖစ္......
သူၾကည့္ျဖစ္တာ ေစ်းအေပါစားအယ္လ္
ဘမ္ထဲက ကေလးဓာတ္ပံုေလးေတြ.......
ထံုးစံအတိုင္း သူျပံဳးမိသည္။
သြားက်ိဳးေလးနဲ႔ရီေနတဲ့ ကေလးဟာ သူ႔ကို
ေတြ႔လိုက္တိုင္း ႏႈတ္ခမ္းကို မဲ့ပစ္ၿပီးေလွာင္
ေျပာင္မယ့္ေကာင္မေလးျဖစ္လာသတဲ့.....
ေပ်ာ္စရာေကာင္းတာေတြကို ပံုျပင္လို႔ေခၚမယ္
ဆိုရင္ ဝမ္းနည္းဖို႔ေကာင္းတာေတြကို သမိုင္းလို႔ေခၚရမွာေပါ့......





Unicode

တိတ်ဆိတ်နေတဲ့ ညစာစားပွဲဝိုင်းကြီးရဲ့ ထိပ်
တစ်ဖက်တစ်ချက်မှာ ကိုယ်စီထိုင်နေတဲ့ သူတို့
နှစ်ယောက်........
ဇွန်းသံပန်းကန်သံတွေက နားထောင်နေကျသီချင်းသံတွေထက် နားထောင်လို့ကောင်းနေတာ
ဘာလို့လဲ........


ဘာလို့လဲ......
Why နဲ့စတဲ့ မေးခွန်းတွေ သူ့ဘဝမှာအများကြီး
ရှိတယ်.....
ဘာလို့ သူ ဒီအလုပ်တွေလုပ်နေရတာလဲ
ဘာလို့ လီလီ့ကိုမှ ရူးမတတ်ချစ်နေရတာလဲ
ဘာလို့ လီလီက သူ့ကိုသေလောက်အောင်မုန်း
နေရတာလဲ




" ရွံတယ်"


လီလီက အသက်နှစ်ဆယ်ကျော်လာပေမယ့်
ကလေးရုပ်လေးမပျောက်သေးဘဲ ချစ်စရာ
ကောင်းနေဆဲ......
ရွဲ့ပြောတာတွေ မဲ့ပြုံးတွေကတော့ ပီပြင်လာပြီ။



" ကလီစာတွေ မကြိုက်ဘူးလို့ပြောထားတယ်
လေ"


မျက်ခမ်းသားလေးတွေနီရဲလာတဲ့အထိ လီလီက သူနဲ့ရန်မဖြစ်လိုက်ရရင် စားမဝင်အိပ်မပျော်
ဘူးထင်ပါသည်။



" ကြက်အသဲအမြစ်ပါဆို ကလီစာမဟုတ်လို့
ဘာသွားချက်ရမှာလဲ"



" အင်းပေါ့..... ခင်ဗျားကတော့ ဘယ်ရွံမလဲ
ခင်ဗျားရဲ့ Career ပဲလေ"


သူကတော့ ရန်မဖြစ်ချင်ဘူး။
ရင်နာရလို့......



" ပြီးပြီ"

" ပြန်ထိုင်စမ်း! ! လာလီဆာ
ကိုယ် မပြီးသေးဘူးလေ"

" ခင်ဗျားဘာသာ မြိုပြီးနေခဲ့ ပတ်ချယ်ယောင်း"




တဒုန်းဒုန်းတက်နင်းသွားတဲ့ ခြေလှမ်းတွေ
အောက်ကလှေကားထစ်တွေပေါ်မှာ သူ့နှလုံးသားကို ပြန်မြင်နေရတယ်။



" ခွေးမလေး.... "



ချစ်စနိုးနဲ့ကျိန်ဆဲလိုက်မိတာပါ။
တဝက်မကျိုးသေးတဲ့ ပန်းကန်ကိုကြည့်ပြီး
သက်ပြင်းချလိုက်မိတယ်။



" အိမ်တော်ထိန်းကင်..... လီလီ့အခန်းထဲကို
နွားနို့တစ်ခွက်သွားပို့ပေးပါ"


" ဟုတ်ကဲ့..... မမလေး..... "


ဘရန်ဒီတစ်ခွက်ဆွဲပြီး စာကြည့်ခန်းထဲဝင်လာခဲ့သည်။
စာကြည့်ခန်းဆိုပေမယ့် စာအုပ်တွေတစ်အုပ်မှ
မဖတ်ဖြစ်......
သူကြည့်ဖြစ်တာ ဈေးအပေါစားအယ်လ်ဘမ်ထဲက ကလေးဓာတ်ပုံလေးတွေ.......
ထုံးစံအတိုင်း သူပြုံးမိသည်။
သွားကျိုးလေးနဲ့ရီနေတဲ့ ကလေးဟာ သူ့ကို
တွေ့လိုက်တိုင်း နှုတ်ခမ်းကို မဲ့ပစ်ပြီးလှောင်
ပြောင်မယ့်ကောင်မလေးဖြစ်လာသတဲ့.....
ပျော်စရာကောင်းတာတွေကို ပုံပြင်လို့ခေါ်မယ်
ဆိုရင် ဝမ်းနည်းဖို့ကောင်းတာတွေကို သမိုင်းလို့ခေါ်ရမှာပေါ့......

CriminalWhere stories live. Discover now