Part-(1)

13.5K 978 53
                                    

ဒီနေ့က သူနဲ့ရီပေါ်လက်ထပ်ထားတာ 2နှစ်ပြည့်တဲ့နေ့
Anniversaryကသူများတွေလို ထွေထွေထူးထူးရှိ
မနေဘူး ။ Happy 2 Years Anniversaryလို့
ပြောပြီးပြီးရင်ပြီးပြီ။ ရှောင်းကျန့်နဲ့ရီပေါ်က
အသွင်တူလို့ အိမ်သူဖြစ်တာလို့ပြောလို့ရတယ် ။ ဘယ်လို
ပဲဖြစ်ဖြစ် ချစ်တယ်ဆိုတာ မပြောလည်းသိတာမို့ ရီပေါ်
နဲ့ရှောင်းကျန့် အိမ်ထောင်ရေးကခိုင်မြဲနေတာဖြစ်သည်။

ရီပေါ်ကကန့်လန့်တိုက်တတ်တဲ့လူစားမျိုး။ ရှောင်းကျန့်လည်း
အဲ့လိုပါပဲ။ ဒီလိုနဲ့ သူတို့တည့်တဲ့နေ့ဆိုတာကိုမရှိပေ။
ရန်ဖြစ်လိုက်ပြန်ချစ်လိုက်မဟုတ်ပဲ။ ရန်ဖြစ်လိုက် ရန်ဖြစ်
လိုက် ပြန်ချစ်လိုက် ။ 24နာရီမှာ 22 နာရီလောက်ရန်ဖြစ်
နေတာဖြစ်သည် ။

ရှောင်းကျန့်က ရီပေါ်ထက် 8နှစ်ကြီးတယ်။ တည့်နေတဲ့
အချိန်ဆိုရင် ရီပေါ်ကရှောင်းကျန့်ကိုခေါ်တဲ့နာမ်စားက
"ကိုကို"တဲ့ ။ရန်ဖြစ်ပြီဆိုရင်တော့ မပြောတော့ပါဘူး
ခင်ဗျားတို့ကိုယ်တိုင်ပဲကြည့်ကြည့်လိုက်တော့

"ရှောင်းကျန့် အကုသိုလ်ကောင်ကြီး ကျွန်တော့အကျီတွေ
ဘယ်ဂျောင်ထိုးထားပြန်ပြီလဲ ခင်ဗျားလုပ်တာလေယာဉ်နောက်
ကျတော့မယ်"

ရှောင်းကျန့်ကချစ်တယ်တဖွဖွမပြောတတ်သော်လည်း ရီပေါ်
လောက်တော့မဆိုး နည်းနည်းရိုတတ်သေးသည်။ သူက
၂နှစ်ပြည့်မို့ ရီပေါ်နဲ့တစ်နေ့လုံးတူတူရှိနေဖို့စိတ်ကူးယဉ်ထားတာ
ထိုစောက်ကလေးကတော့မဟုတ် အလုပ်ကိုသာဦးစားပေးနေ
သည်။ရှောင်းကျန့်လည်းအမြင်ကပ်ကပ်နဲ့ သူ့အကျီတွေကို
ဖျက်ဆီးထားသည်။

"မနေ့ညကမှ၀ယ်လာတဲ့အကျီကိုပြောတာလား"

"ဟုတ်တယ် မြန်မြန်ရှာပေး လေယာဉ်နောက်ကျတော့မယ်
ဗျ"

"ရှာမနေနဲ့မရှိတော့ဘူး ကတ်ကြေးနဲ့ညှပ်ပြီး လွှင့်ပစ်လိုက်
ပြီ"

"ဘာ!!!!!!"

ရီပေါ်ရဲ့အော်သံက အိမ်တစ်ခုလုံးကိုတုန်ခါသွားစေလောက်
သည်။

"ရှောင်းကျန့် လူယုတ်မာ ကြည့်နေ ခင်ဗျား ကုမ္ပဏီကို
ကျွန်တော့ Blog မှာ Bad reviewရေးပစ်မယ်"

FIGHT FOR EVERYDAY[Zhanyi/Complete]Where stories live. Discover now