"ဟာ ရိပေါ်ရာ ကိုယ်ပြောတာဆုံးအောင်နားထောင်ပါဦး
ကိုယ်မဂ်လာဆောင်မှာက မင်းနဲ့လေ အခုတောင်ခိုးပြေး
လာပြီပဲကို ""ဟာ မယူပါဘူး !ဘာလို့ယူရမှာလဲ"
ရီပေါ်က အကြောက်အကန်ငြင်းသည်။
ကိစ္စမရှိ အခုချိန်မှာ အရာအားလုံးက ရှောင်းကျန့်လက်
ထဲတွင်သာဖြစ်သည်။ ရီပေါ် သူ့ကိုမတွန်းလှန်နိုင်တာ
ကောင်းကောင်းသိတယ် ။ရှောင်းကျန့်က ဗလကြီးလေ။"မယူလို့မရတော့ဘူး ရီပေါ်ရဲ့ ကိုယ်မင်းကိုခိုးပြေးလာ
တာ လက်ထပ်ဖို့လေ။ ""ကျွန်တော့ အကိုတွေကဆိုးတယ် ခင်ဗျားသူတို့ဒဏ်ခံ
နိုင်မှာမဟုတ်ဖူး""အဲ့တာတွေမလိုဘူး အဓိကက မင်းပဲလေ ကိုယ်ကမင်းနဲ့
လက်ထက်ပြီး မင်းနဲ့ပဲအတူနေရမှာ သူတို့နဲ့မှမဟုတ်တာ
ဘာမှတွေးမပူပဲ ကိုယ့်ကိုယ်ပဲလက်ထက်ပါ။"စကားဆုံးတာနဲ့ရှောင်းကျန့်ဟာ ရီပေါ်ဆီကပြန်လာမယ့်
စကားကိုတောင် စောင့်မနေတော့။ ကုတင်ပေါ်ကိုမာန်
ပါပါလှဲချလိုက်ကာ လည်ပင်းဖြူဖြူကိုကိုက်ခဲတော့တယ်။ပထမဦးဆုံးအကြိမ်ဖြစ်တဲ့ရိပေါ်က လန့်သွားကာတွန့်သွား
သည်။ ဟုတ်တယ် ပထမဦးဆုံးအကြိမ်။ ရှောင်းကျန့်က
သူ့ခန္ဓာကိုယ်ကိုအကျီပေါ်ကနေပွတ်သပ်နေပြီး လည်ပင်းကို
အငမ်းမရကိုက်ခဲနေတယ်။ သူကိုက်နေတာက မထိတထိလေး
မို့ ရီပေါ်က ငြိမ်နေလိုက်တယ်။နောက်တစ်ဆင့် ရှောင်းကျန့်က လည်ပင်းကို အလွတ်ပေး
လိုက်ကာ နှုတ်ခမ်းကိုငုံခဲလာပြန်တယ်။ ဘာမှမသိတဲ့၀မ်ရိပေါ်
ကတော့ရှောင်းကျန့်ပေးတဲ့ ခံစားချက်မျိုးစုံမှာ မျောပါလို့။ကြာလာလေ ရှောင်းကျန့်က နှုတ်ခမ်းကိုနမ်းတာနဲ့မတူပဲ
စုတ်လိုက်ကိုက်လိုက်နှင့်ချိုချဉ်စားနေသလိုပင်။ ကြာလာ
တော့ ရိပေါ်မှာ အသက်ရှုကြပ်လာသလို နှုတ်ခမ်းကလည်း
နာလာတာကြောင့် ဒေါသရှိန်းခနဲထွက်သွားကာ သူ့ကိုနမ်း
နေတဲ့ ရှောင်းကျန့် ဂုတ်ကို သူ့လက်နဲ့ဖြောင်းခနဲမြည်အောင်
ချလိုက်သည်။လန့်သွားပုံရတဲ့ရှောင်းကျန့်က နမ်းတာကိုရပ်လိုက်ပြီး
ရီပေါ်ကိုဘာလုပ်တာလဲဆိုတဲ့ အကြည့်နဲ့ကြည့်တယ်။