"ရှောင်းကျန့် အဖိုးကြီး!!"
"၀မ်ရီပေါ် စောက်ကလေး"
"ခင်ဗျားကအဖိုးကြီး အိုနေပြီ"
"ဟက် အိုပေမယ့်စွမ်းတာ မင်းအသိဆုံးနေမှာပေါ့
စောက်ကလေးရာ""အားးးးကျွန်တော့အိတ်ပြန်လျော်ပေး အဲ့တာ ယွမ်၂သောင်း
ကျော်တောင်ပေးရတယ်ဗျ""မင်းမီးရှို့လိုက်တဲ့အကျီတွေက ယွမ်၂သောင်းထက်ပိုတယ်ကွ"
ရှောင်းကျန့်က ၀မ်ရီပေါ်နောက်ကိုလိုက်လာကာ နှစ်ယောက်
သားရန်ဖြစ်နေကြခြင်းဖြစ်သည်။ travel blogger
၀မ်ရီပေါ်ဟာ Vlog ရိုက်ပြီး သူတည်းတဲ့ဟိုတယ်ကိုပြန်
လာတဲ့အချိန်မှာ သူ့အခန်းထဲမှာ သူ့ကိုမိန့်မိန့်ကြီးထိုင်စောင့်
နေတဲ့ရှောင်းကျန့်ကိုတွေ့လိုက်ရတယ်။ပြီးတော့ရန်ဖြစ်တယ်။ ရှောင်းကျန့်လွှင့်ပစ်လိုက်တယ်ဆိုတဲ့
အိတ်ကရီပေါ် ကိုယ့်ပိုက်ဆံနဲ့ကိုယ်၀ယ်ထားရတာ ယွမ်၂
သောင်းကျော်တန်တယ်(မြန်မာငွေသိန်း၅၀လောက်)"သွားးသွားး ခင်ဗျားကျွန်တော့ အခန်းထဲကထွက်သွား"
"မင်းဆီလိုက်လာတာလေ မင်းဆီမှာပဲနေမှာပေါ့ ဘယ်ကို
သွားစရာလဲ အခန်းခလည်းပိုကုန်တယ်"ရှောင်းကျန့်က ၀မ်ရီပေါ်ကိုဆွချင်တာကြောင့်ဖိနပ်တောင်မ
ချွတ်ပဲ ကုတင်ပေါ်ကိုပစ်လှဲလိုက်တယ်။ ၀မ်ရီပေါ်ဒေါသထွက်
ရင်ရှူးရှူးရှဲရှဲနဲ့တကယ်ချစ်ဖို့ကောင်းတယ်။ ဒီလိုဒေါသထွက်
တာကိုအမြဲမြင်နေရပေမယ့် ရှောင်းကျန့်မရိုးနိုင်ဘူး ။ ကြည့်
လို့မ၀ဘူး ။"ခင်ဗျား ဖယ်စမ်း ကျွန်တော့အိပ်ယာပေါ်က သွားးပါဆို"
ရီပေါ်က ရှောင်းကျန့်ကိုမရမကဆွဲထူကာအတင်းဖယ်
ခိုင်းတယ် ။ဗလကောင်းတဲ့ရှောင်းကျန့်ကတော့နည်းနည်း
လေးတောင်မရွေ့ပါလေ။ ရှောင်းကျန့်ကသူ့ကိုဆွဲဖယ်နေ
တဲ့ရီပေါ်ကိုအခွင့်ကောင်းယူကာ ဆွဲချလိုက်တဲ့အခါရီပေါ်
ကသူ့ကိုယ်ပေါ် မှောက်လျက်ကျလာတယ်။"ငြိမ်ငြိမ်နေ! အိတ်က ဆယ်လုံးမကပြန်၀ယ်ပေးနိုင်
တယ် ရှောင်းကျန့်ကသူဌေးပါကွ ! ခုလိုက်လာတာ
မင်းနဲ့တူတူရှိချင်လို့လိုက်လာတာလေ မဂ်လာနှစ်ပတ်
လည်၂နှစ်ပြည့်မှာ မင်းကကိုယ့်ကိုထားပြီး ခရီးထွက်လာ
တယ်။ ကိုယ်စိတ်မကောင်းဖြစ်တယ်။ ဒါကြောင့်လိုက်
လာတာကို နှင်မထုတ်နဲ့"