ရီပေါ်ကိုစိတ်ဆိုးနေတယ်လို့ထင်တဲ့ရှောင်းကျန့်က အိပ်ယာ
ပေါ်မှာ သူ့ကိုကျောပေးပြီး လှဲနေတဲ့ ရီပေါ်နောက်၀င်လှဲ
လို့ ခါးလေးကိုဖက်ပြီး မေးစိလေးကို ပုခုံးပေါ်တင်ကာ
ချော့ဖို့ပြင်လိုက်တယ်။"စိတ်ဆိုးသွားတာလား ကိုယ်ကမရည်ရွယ်ပါဘူး ဒီအတိုင်း
ပဲ စလိုက်တာပါ"ရီပေါ်ဘက်က အဖြေပြန်မလာပါ။
"တောင်းပန်ပါတယ် စိတ်မဆိုးပါနဲ့တော့ ဘာလုပ်ပေးရမလဲ
မင်းလုပ်စေချင်တာလုပ်ပေးမယ်"ချော့တဲ့ကလေးက ပိုငိုဆိုသလို ရီပေါ်က ထထိုင်ကာ
အာပြဲကြီးနဲ့ရှောင်းကျန့်ကိုကြည့်ကာအော်ငိုတော့သည်။
ရှောင်းကျန့်မှာလည်း ရီပေါ်ဒီလိုငိုတာမျိုးတစ်ခါမှမမြင်
ဖူးတာကို သူတော်တော်လွန်သွားတာကိုသိလိုက်သည်။
ရီပေါ်ကတော့ ကလေးတစ်ယောက်လို ပါးစပ်ကြီးဟ
ကာအော်ငိုနေတော့တာဖြစ်သည်။"ကျွတ် ကျွတ် တိတ် တိတ် လိမ္မာတယ် မငိုပါနဲ့တော့
ကိုယ်မှားပါတယ် ကိုယ်မှားပါတယ် ဟုတ်ပြီလား ။မနက်
ကျရင် တူတူလျှောက်လည်ကြမယ်လေ "ရှောင်းကျန့်လည်း ဒီလိုတစ်ခါမှမကြုံဖူးတာမို့ တတ်သ
လောက်မှတ်သလောက်လေးချော့လိုက်သည်။ရှောင်းကျန့်က ရီပေါ်မျက်နှာပေါ်က မျက်ရည်တွေရော
နှပ်ချေးတွေရော သုတ်ပေးလိုက်ပြီး အငိုတိတ်အောင်
မနည်းချော့လိုက်ရပါသည်။
ရှောင်းကျန့်မသိလိုက်တာ ရီပေါ်ကစိတ်ဆိုးသွားတာမဟုတ်
ပဲ စိတ်မကောင်းဖြစ်သွားတယ်ဆိုတာကိုပင်။ရီပေါ်သာစိတ်ဆိုးရင်ရှောင်းကျန့်ခေါင်းမွှေးပြောင်နေလောက်
ပြီမှာသေချာသည်လေ။*************
ညကအာပြဲကြီးနဲ့ကလေးလိုငိုနေတာသူမဟုတ်တဲ့အတိုင်း
မှန်ရှေ့မှာ သူ့ကိုယ်သူ cool guyကြီးလို သ နေတာ
က ၀မ်ရိပေါ် ။ မွေးနေ့ရှင်ဖြစ်တဲ့ ရှောင်းကျန့်တောင်သူ့
လောက် မပြင်ဘူး။ သူ့ကိုတော့ရှောင်းကျန့် မှန်ရှေ့မှာ
တစ်နာရီလောက်စောင့်လိုက်ရသည်။"ရီပေါ် မွေးနေ့ရှင်က ကိုယ်ပါ ဘာလို့အဲ့လောက်ပြင်နေ
ရတာလဲ"