ရီပေါ်အိမ်ရောက်တော့ ရေချိုးပြီးစားဖို့သောက်ဖို့ပြင်ဆင်
လိုက်တယ်။ လူကနုံးနေပေမယ့်လည်း မလုပ်ချင်လို့မှမရ
ပဲ။ ရှောင်းကျန့်က ညစာပြင်ပြီးတဲ့ထိပြန်မလာသေးတာမို့
ရီပေါ် အိမ်ရှေ့က ဆိုဖာပေါ်မှာထိုင်စောင့်ရင်းအိပ်ပျော်
သွားတော့တယ်။ရှောင်းကျန့် အလုပ်ကပြန်လာတော့ ဆိုဖာပေါ်မှာကွေး
ကွေးလေးအိပ်နေတဲ့ ရီပေါ်ကိုတွေ့လိုက်ရသည်။ ကြည့်
ရတာ ရေချိုးထားပုံပါပဲ ဘာမှမလိမ်းထားတဲ့မျက်နှာလေး
ကကြည်လင်လို့ ဘာစကင်ကဲသုံးလည်းသွားမမေးနဲ့ သူ့
မျက်နှာက အော်ရဂျင်နယ်လို့ပြောလိုက်မယ်။ နှာခေါင်း
ထိပ်ကလည်းလုံးနေတာပဲ။ရှောင်းကျန့်စိတ်မထိန်းနိုင်ပဲ
ဆွဲညှစ်လိုက်သည်။"အ့!!!!နာတယ် ခင်ဗျားဘယ်လိုဖြစ်နေတာလဲ"
ရီပေါ်က ချက်ချင်းငုတ်တုတ်ထထိုင်ကာ ရှောင်းကျန့်ကို
ရန်တွေ့ပါတော့တယ်။"ချစ်ဖို့ကောင်းလို့ဆွဲညှစ်တာကို အခုမှပြန်ရောက်တဲ့သူ
ကိုအမောဆို့အောင်အသံဆိုးနဲ့အော်ရလားကွာ"ရီပေါ်က မဆုံးနိုင်တဲ့မျက်စောင်းအရှည်ကြီးထိုးကာ
ရှောင်းကျန့်ကို ကူရှင်နဲ့ ကောက်ပေါက်ပါတော့တယ်
အရမ်းတွေ အသားနာသွားဦးမယ်။ရှောင်းကျန့်မှာ ရီပေါ်အဲ့လိုဆတ်ဆတ်ထိမခံဖြစ်နေတဲ့
အချိန်တိုင်း ဖြစ်ပေါ်လာတဲ့ ရီပေါ်မျက်နှာကိုသဘောကျ
သည်။ စလို့လည်းကောင်းသည်။ သူ့ကိုကူ
ရှင်တဲ့ပစ်ပေါက်ရတာအားမရလို့ထင်ပါတယ် ကူရှင်နဲ့
လိုက်ရိုက်ပြန်တယ်။ခုမှအိပ်ရာကနိုးလို့ ဆံပင်တွေလည်းထောင်လို့။ဒါကိုမျက်
နှာက ဆူပုတ်ပြီး မျက်စောင်းကထိုးလိုက်သေးတယ်။ရှောင်းကျန့် အခန်းထဲမြန်မြန်ပြေးဝင်ပြီး အခန်းတံခါးကို
လော့ချလိုက်တယ်"ခင်ဗျားထွက်လာရင်အသေပဲမှတ်"
အံမယ် ကြောက်ရဦးမယ် ။ လူကြည့်တော့ ရှောင်း
ကျန့်ပုခုံးထိတောင်သူ့အရပ်မရှည်။ရှောင်းကျန့် အူမြူးစွာနဲ့ပဲ ရေချိုးခန်းထဲ၀င်ကာ ရေချိုး
လိုက်သည်။ စိတ်ထဲမှာလည်း အကြံတစ်ခုကိုကြံစည်ထား
လျက်ပေါ့။ ရီပေါ်အခန်းရှေ့က ထွက်သွားကတည်းကအ
ခန်းတံခါးကို လော့ပြန်ဖွင့်လိုက်တယ်။ ထို့နောက် ရေချိုး
ခန်းထဲက bathtubထဲမှာ ဖုန်းကိုအေးဆေးထိုင်သုံးနေ
လိုက်တယ်။