ရီပေါ်အိပ်ယာနိုးတော့ ရှောင်းကျန့်က ဘေးနားမှာမရှိ
တော့ပေ။ ဘယ်ရောက်သွားပြန်ပြီလဲမသိ။ ရီပေါ်ထလိုက်
တော့ အောက်ပိုင်းကနာနေပေမယ့်လည်း ကြိုးစားပြီး
ထရတယ် ။ ယောက်ျားပဲ ဒီလောက်ကတော့ခံနိုင်ရမှာ
ပေါ့ ။ ရီပေါ်ရေချိုးခန်းထဲကရေသံကြားတာမို့ ရှောင်းကျန့်
ရေချိုးနေမှန်းသိလိုက်ရသည်။ ဖုန်းသံမြည်လာတာကြောင့်
ကြည့်လိုက်တော့ ဖုန်းလာနေတာက ရှောင်းကျန့်ဆီက
ဖြစ်သည်။သူရေချိုးနေတာမို့ ကိုယ်ပဲကိုင်လိုက်မည်ဟုကြံကာ
Contact nameကိုကြည့်လိုက်တော့ ။
"စောက်ကလေးရဲ့ကျက်သတုံးအကို၂"ကြည့်စမ်း။ လူကကြီးပြီး contactမှတ်ထားတာက
ပြောင်စပ်စပ်နဲ့။ ရီပေါ်ကိုလည်းသူက "စောက်ကလေး"
လို့မှတ်ထားသည်။ အဲ့ကိစ္စနဲ့အရင်ကရန်ဖြစ်ဖူးပြီး ရီပေါ်
လည်းအကြောမခံ contactပြန်မှတ်လိုက်သည်။"အသက်ကြီးလာရင်ငါ့အောက်မှာနေရမယ့်အဖိုးကြီး"
ဟူ၍ပင် ။ အင်းလေ ခုဟာက မတက်သာလို့ ရှောင်း
ကျန့်က သူ့ထက်၈နှစ်တောင်ကြီးတာ တစ်နေ့တော့သူ့
အလှည့်ရောက်လာဦးမှာပဲ။ရီပေါ်ဖုန်းကိုင်လိုက်တော့ အေးတိအေးစက်နဲ့အော်သံ
ကြီးကထွက်လာသည်။"ရှောင်းကျန့်!!ခုပြန်လာစမ်း မင်းCEOဖြစ်ပြီးလက်ယား
လက်ယားနဲ့ ပရောဂျက်အသစ်အတွက်ရှယ်ယာရှင်တွေမင်း
နဲ့ပဲစကားပြောချင်နေကြတယ်""ဖြေးဖြေးပြောပါ ကောရဲ့ ရှောင်းကျန့်ရေချိုးနေတယ်"
အဲ့လိုပဲ ရီပေါ်က ရှောင်းကျန့်ကိုဆို အကြီးလို့ကိုမသတ်
မှတ်ဖူး ရှောင်းကျန့် ရှောင်းကျန့်နဲ့"အေးး မင်းရအောင်ပြောလိုက် ညဘက်အမှီရောက်အောင်
ပြန်လာလို့ ငါအစည်းအဝေး ခေါ်ထားတယ် မရရအောင်
ပြောနော် မဟုတ်ရင် မင်းလင်ကို ငါကိုယ်တိုင် ဥက္ကဌနေ
ရာကဆွဲချမယ် ""ချန်ကောကဗျာ စိတ်ကြီးပဲ ! ရအောင်ပြောလိုက်ပါ့မယ်
ဟုတ်ပြီလား ဂေါ်မစွံကြီးရဲ့"တစ်ဖက်က အော်သံပြန်ထွက်လာမှာကိုသိတဲ့ရီပေါ်က
ဖုန်းကိုမြန်မြန်ပဲ ဦးအောင်ချလိုက်ပါတယ်။