Part - 1 ( Zawgyi+Unicode)

8.4K 504 10
                                    

နိုင်ငံတော်သီချင်းဆိုပြီး ကျောင်းအုပ်ကြီးက
မိန့်ခွန်းပြောတယ်။
" ဒီနှစ် ဘောလုံးပွဲမှာ အထက်တန်းတွေ ဝင်မပြိုင်ရတော့ဘူး
၁၄ နှစ်အောက် အလယ်တန်းကလေးတွေပဲ ဝင်ပြိုင်ရမယ်
အထက်တန်းတွေက ကျောင်းရဲ့အောင်ချက်ရာခိုင်နှုန်း
တက်အောင်ပဲ ကြိုးစားကြ၊ ကာယဆရာတွေ ပြီးရင်
ရုံးခန်းလာပေးကြပါ ဘောလုံးပွဲ အတွက်တိုင်ပင်ကြရအောင် "

ဆရာကြီးရဲ့ မိန့်ခွန်းကြောင့်
ရှောင်းကျန့်တို့အဖွဲ့ နှုတ်ခမ်းတွေ ဆူနေကြပြီ။
ကျောင်းလက်ရွေးစင် တွေဖြစ်တဲ့ သူတို့အဖွဲ့အတွက်
ကျောင်းအုပ်ကြီးရဲ့ မိန့်ခွန်းဟာ
စာမေးပွဲ ကျထာထက်ပိုပြီး နာကျင်ရသည်။

" ဘာဆိုင်လို့လဲကွာ အရင်နှစ်တွေကလည်း အထက်တန်းတွေကို ပါခိုင်းတာပဲ​လေ ခုမှဘယ်လိုဖြစ်တာလဲ"
ဟု ရှောင်းကျန့်က ပြောသည်။

" ငါလည်း မသိဘူးလေကွာ "

" ကျစ်...ဒါနည်းနည်းမှမတရားဘူး
ငါ ဆရာ့ကို သွားပြောအုံးမယ် "

" ဆရာမ ဝင်တော့မယ်လေ "

" ဆရာမကိုတော့ အေးဆေးပါ ငါသွားပြီ
လိုက်အုံးမလား "

" ငါ၊မလိုက်တော့ဘူးကွာ "

ရှောင်းကျန့် အခန်းပြင်ကို ထွက်လာတော့
ကာယဆရာကလည်း ကျောင်းအုပ်ကြီး ရုံးခန်းထဲက
ထွက်လာသည်။ ဆရာက ရှောင်းကျန့်ကို မြင်တော့

" ရှောင်းကျန့်...သားနဲ့တွေ့တာ အတော်ပဲ
ဆရာ့ကို အလယ်တန်းအဆောင်ဘက်သွားပြီး
ဘောလုံးပွဲမှာ ပါချင်တဲ့ကလေးတွေကို စာရင်းလိုက်ကောက်ပေးပါလား ၊ ပြီးရင် ဆရာလိုက်လာခဲ့ပါမယ်
ခု သန့်စင်ခန်းအရမ်းသွားချင်နေလို့ "

" သြော် ဟုတ် သား သွားပြီး စာရင်းကောက်လိုက်ပါ့မယ်"

" ကျေးဇူးပါပဲ ရှောင်းကျန့် "

ရှောင်းကျန့် ကလေးတွေ ရှိတဲ့ အဆောင်တွေဆို
မသွားချင်။ ကလေးတွေရဲ့ ဆူညံနေတဲ့ အသံတွေကို
ကြားရရင်ပဲ စိတ်တွေဆင်းရဲနေပြီ။

သူအလယ်တန်းတုန်းကတော့
ို ဆရာမတွေ က
အထက်တန်းဆောင်ဘက်ကို နေ့စဉ်မှတ်တမ်းတွေ
သွားပေးခိုင်းတဲ့ အချိန်ဆို အရမ်းပျှော်တာ၊
ဘာလို့လဲဆို အထက်တန်းက မမ လှလှလေးတွေကို
ကြည့်ရလို့လေ။( အဲ့လိုမျိုးဆို တို့လည်းအရမ်းပျော်တာ ၁၀တန်းက ကိုကြီးချောချောလေးတွေ မြင်ရလို့😆)
သူအလယ်တန်းတုန်းက ထင်ခဲ့ဘူးတယ်။
အထက်တန်းရောက်ရင် အဲ့လို
် ကောင်မလေးချောချောလေးတွေနဲ့
တစ်တန်းထဲ တက်ရမယ်လို့ ။ ခုတော့
ထင်ထားသလို လုံးဝဖြစ်မလာခဲ့ ပါဘူး ၊ သူနဲ့ ခုတစ်တန်းထဲ
တက်ရတဲ့ ကောင်မလေးတွေကတော့ စိတ်ကူးယဉ်ခဲ့ဘူးတဲ့
ပုံစံတွေနဲ့ လုံးဝဆန့်ကျင်ဘက်ပါပဲ ။
ဖြစ်နိုင်ရင် လိုင်းပေါ်မှာ တွေ့တဲ့ အချောလေးတွေနဲ့
လဲလိုက်ချင်တယ်။

Listen to my heartbeat ( Completed )Where stories live. Discover now