Part - 3( Zawgyi +Unicode)

3.3K 405 12
                                    

ရိပေါ် အခန်းပြန်ရောက်တော့ ထိုင်ခုံမှာ ထိုင်ပြီး
အမောဖြေနေတယ်။
ပြတင်းပေါက်ဘေးနားမှာ ထိုင်တာကြောင့်
လေပြေလေးတွေက သူ့ကို တိုက်ခတ်ပြီး
အေးစေသည်။

" ပေါ်ပေါ်လေးရေ ..."
ဆိုပြီး အခန်းရှေ့မှာ အထက်တန်းက မိန်းကလေးတွေ ရောက်လာကြတယ်။

သူတကယ်စိတ်ရှုပ်ရသည်။ လူရွေးပွဲမှာထဲက နာမည်ကို
မျိုးစုံပေးကြတဲ့ အမကြီးတွေက ခုအခန်းရှေ့မှာ
လာအော်နေကြပြန်တယ်။
အဲ့လိုမှန်းသိရင် ဘောလုံးပွဲကို မပါ ပါဘူး၊
Ji Li ကို သနားလို့သာ ပါရတာ။
ဟူး...မလြယ္လိုက္တာ

ရိပေါ်က ပြတင်းပေါက်ဘက်ကိုသာ ကြည့်နေပြီး
အခန်းရှေ့က အမကြီးတွေကို ကျောပေးနေလိုက်တယ်။

အခန်းရှေ့က အမကြီးတွေကတော့
" ပေါ်ပေါ်လေး နောက်နေ့တွေအတွက် ကျားယို့နော်"
လို့ အော်နေကြသည်။
သူလည်း အမကြီးတွေဘက် လှည့်ပြီး ရယ်ပြလိုက်ပြီး
ခေါင်းညိတ်ပြလိုက်တယ်။

" ကျဲကျဲတို့ ပေါ်လေးက ချစ်ဖို့ အကောင်းဆုံး "
လို့ ပြောကာ ပြန်သွားကြသည်။

Ji li က လူရွေးပွဲက ပြန်ရောက်လာတော့
" ဟူး မောလိုက်တာ ရိပေါ်ရာ "
ရိပေါ် ရေဗူးကို Ji Li ဆီပေးလိုက်သည်။

" မင်းက ပါချင်တာကို မောမှာပေါ့"

Ji liက ရေသောက်ပြီးတော့

" ကျေးဇူးပဲ ပေါ်ပေါ်လေး "

" တော်ပါကွာ မင်းကပါ အဲ့လိုမခေါ်နဲ့ "

" ဘာလို့လဲ ပေါ်ပေါ်လေးရဲ့ ချစ်စရာလေးကို "

" ချီးကို ချစ်နေလိုက် "

" မင်းကလည်း ရွံစရာကြီးကို "

ညနေကျောင်းဆင်းတော့ မိန်းကလေးတွေက
ရိပေါ်က
ို " တာ့ တာ့နော် ရိပေါ်လေး "
ဆိုကာ နှုတ်ဆက်သွားကြသည်။

ရိပေါ်ကလည်း လက်ပြန်ပြလိုက်တယ်။

ရိပေါ်ရဲ့ အေနာက္ဘက္က ရှောင်းကျန့်ကတော့
နှာခေါင်းရှုံ့လိုက်ပြီး
" ကောင်မလေးတွေများ ဖြစ်နေလိုက်ကြတာ
ဟိုကောင်လေးကလည်း အထာတွေလှိမ့်ပေးနေလိုက်တာ "

" သူ့ဘာသာ သူအထာပေး ပေးပေါ့ မင်းနဲ့ဘာဆိုင်လို့လဲ".

ကျန်းချန်က သူ့ရဲ့ ကျောပြင်ကို ရိုက်လိုက်သည်။

Listen to my heartbeat ( Completed )Wo Geschichten leben. Entdecke jetzt