နိုင်ငံတော်သီချင်းဆိုပြီး ကျောင်းအုပ်ကြီးက
မိန့်ခွန်းပြောတယ်။
" ဒီနှစ် ဘောလုံးပွဲမှာ အထက်တန်းတွေ ဝင်မပြိုင်ရတော့ဘူး
၁၄ နှစ်အောက် အလယ်တန်းကလေးတွေပဲ ဝင်ပြိုင်ရမယ်
အထက်တန်းတွေက ကျောင်းရဲ့အောင်ချက်ရာခိုင်နှုန်း
တက်အောင်ပဲ ကြိုးစားကြ၊ ကာယဆရာတွေ ပြီးရင်
ရုံးခန်းလာပေးကြပါ ဘောလုံးပွဲ အတွက်တိုင်ပင်ကြရအောင် "ဆရာကြီးရဲ့ မိန့်ခွန်းကြောင့်
ရှောင်းကျန့်တို့အဖွဲ့ နှုတ်ခမ်းတွေ ဆူနေကြပြီ။
ကျောင်းလက်ရွေးစင် တွေဖြစ်တဲ့ သူတို့အဖွဲ့အတွက်
ကျောင်းအုပ်ကြီးရဲ့ မိန့်ခွန်းဟာ
စာမေးပွဲ ကျထာထက်ပိုပြီး နာကျင်ရသည်။" ဘာဆိုင်လို့လဲကွာ အရင်နှစ်တွေကလည်း အထက်တန်းတွေကို ပါခိုင်းတာပဲလေ ခုမှဘယ်လိုဖြစ်တာလဲ"
ဟု ရှောင်းကျန့်က ပြောသည်။" ငါလည်း မသိဘူးလေကွာ "
" ကျစ်...ဒါနည်းနည်းမှမတရားဘူး
ငါ ဆရာ့ကို သွားပြောအုံးမယ် "" ဆရာမ ဝင်တော့မယ်လေ "
" ဆရာမကိုတော့ အေးဆေးပါ ငါသွားပြီ
လိုက်အုံးမလား "" ငါ၊မလိုက်တော့ဘူးကွာ "
ရှောင်းကျန့် အခန်းပြင်ကို ထွက်လာတော့
ကာယဆရာကလည်း ကျောင်းအုပ်ကြီး ရုံးခန်းထဲက
ထွက်လာသည်။ ဆရာက ရှောင်းကျန့်ကို မြင်တော့" ရှောင်းကျန့်...သားနဲ့တွေ့တာ အတော်ပဲ
ဆရာ့ကို အလယ်တန်းအဆောင်ဘက်သွားပြီး
ဘောလုံးပွဲမှာ ပါချင်တဲ့ကလေးတွေကို စာရင်းလိုက်ကောက်ပေးပါလား ၊ ပြီးရင် ဆရာလိုက်လာခဲ့ပါမယ်
ခု သန့်စင်ခန်းအရမ်းသွားချင်နေလို့ "" သြော် ဟုတ် သား သွားပြီး စာရင်းကောက်လိုက်ပါ့မယ်"
" ကျေးဇူးပါပဲ ရှောင်းကျန့် "
ရှောင်းကျန့် ကလေးတွေ ရှိတဲ့ အဆောင်တွေဆို
မသွားချင်။ ကလေးတွေရဲ့ ဆူညံနေတဲ့ အသံတွေကို
ကြားရရင်ပဲ စိတ်တွေဆင်းရဲနေပြီ။သူအလယ်တန်းတုန်းကတော့
ို ဆရာမတွေ က
အထက်တန်းဆောင်ဘက်ကို နေ့စဉ်မှတ်တမ်းတွေ
သွားပေးခိုင်းတဲ့ အချိန်ဆို အရမ်းပျှော်တာ၊
ဘာလို့လဲဆို အထက်တန်းက မမ လှလှလေးတွေကို
ကြည့်ရလို့လေ။( အဲ့လိုမျိုးဆို တို့လည်းအရမ်းပျော်တာ ၁၀တန်းက ကိုကြီးချောချောလေးတွေ မြင်ရလို့😆)
သူအလယ်တန်းတုန်းက ထင်ခဲ့ဘူးတယ်။
အထက်တန်းရောက်ရင် အဲ့လို
် ကောင်မလေးချောချောလေးတွေနဲ့
တစ်တန်းထဲ တက်ရမယ်လို့ ။ ခုတော့
ထင်ထားသလို လုံးဝဖြစ်မလာခဲ့ ပါဘူး ၊ သူနဲ့ ခုတစ်တန်းထဲ
တက်ရတဲ့ ကောင်မလေးတွေကတော့ စိတ်ကူးယဉ်ခဲ့ဘူးတဲ့
ပုံစံတွေနဲ့ လုံးဝဆန့်ကျင်ဘက်ပါပဲ ။
ဖြစ်နိုင်ရင် လိုင်းပေါ်မှာ တွေ့တဲ့ အချောလေးတွေနဲ့
လဲလိုက်ချင်တယ်။