Part - 9 ( Zawgyi+Unicode)

2.7K 337 8
                                    

နွေရာသီ ကျောင်းပိတ်ရက်မှာ ရှောင်းကျန့်က
ရိပေါ်တို့အိမ်နားက ကစားကွင်းမှာ သူငယ်ချင်းတွေနဲ့အတူ
ဘောလုံးလာကန်လေ့ရှိတယ်။
ရိပေါ်တို့ သူငယ်ချင်းတွေကလဲ ကစားကွင်းမှာလာပြီး
ဘောလုံးကန်လေ့ရှိတာကြောင့်
ရှောင်းကျန့်တို့ကတစ်ဘက် ရိပေါ်တို့ကတစ်ဘက်နဲ့
ကစားကြတယ်။

တစ်ခါတလေ ရှောင်းကျန့်တို့က ရိပေါ်အိမ်ကို
ရေလိုက်သောက်ကြတယ်။
နှစ်ယောက်သား ဆက်ဆံရေးက အရင်ကထက်ပိုရင်းနှီးလာကြသတယ်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်ဖို့ တစ်ရက်အလို
ရှောင်းကျန့်က အရင်နေ့တွေလို တခြားသူတွေနဲ့
ဘောလုံးမကန်ဘဲ တစ်ယောက်ထဲ ခုံတန်းလေးမှာ
ထိုင်နေလိုက်တယ်။

" မပါတော့ဘူးလား "
ဘောလုံးကန်နေရင်း မောလို့ သူ့နားရောက်လာတဲ့ရိပေါ်က မေးလိုက်တယ်။

" အင်း...နက်ဖြန်အောင်စာရင်းထွက်ပြီလေ
စိတ်လှုပ်ရှားနေလို့ ဘာမှလုပ်လို့မရဘူး"

" အဲ့ဒါ အိမ်မှာနေတာမဟုတ်ဘူး "

" အိမ်မှာနေရင် ပိုဆိုးမှာလေ ပေါ်ပေါ်ရ
ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိဘူး"

" အင်း သီချင်းလေးဘာလေး နားထောင်ပါလား
စိတ်သက်သာအောင်"

" သီချင်းနားထောင်ရရင်လည်း ခုချိန်ဘာသီချင်းနားထောင်ရမလဲမသိဘူး
ဘာသီချင်းနားထောင်ရင်ကောင်းမလဲ ပေါ်ပေါ် အကြံလေးပေးပါအုံး"

" Loser... "

" ဟမ် ...ဒီအချိန်မှာ မစကောင်းဘူးလေ ပေါ်ပေါ်"

" မစဘူး တကယ်ပြောတာ BIG BANG ရဲ့ Loser
ကို နားထောင်ကြည့် "

" နားမှမလည်ပဲ ပြီးတော့ နာမည်က Loserတဲ့
မဖြစ်သေးပါဘူး "

" နားမထောင်ရင်လည်း နေလေ အတင်းမတိုက်တွန်းပါဘူး
အကြံပေးဆိုလို့ အကြံပေးတာ"

" စတာ နားထောင်မယ်"

" အင်း...အဲ့သီချင်းနားထောင်ပြီးရင်
ဖက် ဖက်...

စကားတောင်မဆုံးသေး လာဖက်တဲ့ ရှောင်းကျန့်ကို
ရိပေါ်မနည်းတွန်းထုတ်လိုက်ရတယ်။

Listen to my heartbeat ( Completed )Onde histórias criam vida. Descubra agora