နောက်တစ်နေ့ကစပြီး ရှောင်းကျန့်က ရိပေါ်တို့အိမ်နားက
ကစားကွင်းကို မလာတော့ပါ။
အစက သူလည်း မအားလို့မလာတာပါလို့
ရိပေါ်ထင်လိုက်ပေမဲ့ နောက်ရက်တွေလဲ မလာတော့ပါ။
ဖုန်းနံပါတ်မမေးထားတဲ့အတွက်လဲ ဖုန်းအဆက်အသွယ်လဲမရပေ။
ဒီတစ်ခါတော့ စကားနည်းတဲ့အကျင့်ကို ရိပေါ်နည်းနည်းစိတ်ပျက်မိတယ်။
နေ့တိုင်းလိုလို တွေ့နေရတဲ့ လူတစ်ယောက်ကို
မတွေ့ရတာကြောင့် တစ်ခုခု လိုနေသယောင်။" အဲ့ အကိုကြီးက သူ့အဘွားရှိတဲ့မြို့ကို သွားတာ
ဘယ်တော့ပြန်လာမလဲတော့ မသိဘူး "
ဆိုတဲ့ Ji Li ရဲ့စကားကြောင့် သူဒီမြို့မှာ မရှိတော့ဘူးဆိုတာကို သိလိုက်ရတော့တယ်။
ကိုယ်ခင်မင်တဲ့သူ တစ်ယောက်က အဝေးကို
ထွက်သွားတယ်ဆိုတဲ့အသိကြောင့် ရင်ထဲကနေနင့်နေအောင်
ဝမ်းနည်းရသည်။ရာသီတွေ အလီလီပြောင်းပြီး အချိန်တွေကုန်ဆုံးလာတာနဲ့အမျှ
ရိပေါ်ရဲ့ ငယ်ရွယ်တဲ့ကလေးအရွယ်တွေဟာ
ကုန်လွန်လာခဲ့တယ်။
နက်ဖြန်ဆို တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်တော့မယ်။ဟိုး အရင်နှစ်တုန်းက သူ ရှောင်းကျန့်ကို
Loser သီချင်းနားထောင်ခိုင်းတာကို
ပြန်စဉ်းစားရင်း အလိုလိုပြုံးမိသွားတယ်။
ရှောင်းကျန့်အကြောင်း ပြန်စဉ်းစားလိုက်မိတိုင်း
သူ့ကို ပြုံးစေတယ်။စိတ်လှုပ်ရှားလွန်းလို့ အိပ်မရတာကြောင့်
အခန်းအပြင်ထွက်လိုက်ပြီး
ရေခဲသေတ္တာထဲ က အအေးကိုထုတ်ပြီး
သောက်လိုက်တယ်။
အအေးသောက်နေရင်း ဧည့်ခန်းက ဖုန်းမြည်လာတာကြောင့်
အမြန်ပြေးကိုင်လိုက်ရသည်၊၊" ဟဲလို..."
*ပေါ်ပေါ် အပြင်ခနထွက်ခဲ့ပါလား*
" ဟင်....
* ကိုကြီးပါ မှတ်မိတယ်မလား *
" အင်း... "
ရိပေါ် ခြံတံခါးကိုအမြန်ဖွင့်ပြီး အပြင်ထွက်လိုက်တော့
အပေါ်ထပ်အကျီင်္အပါးလေး ဝတ်ထားတဲ့ ရှောင်းကျန့်ကို
တွေ့လိုက်ရတယ်။
ရှောင်းကျန့်က သူ့ကိုမြင်တော့ ရယ်ပြသည်။ရိပေါ် ရှောင်းကျန့်နား သွားလိုက်တော့
ရှောင်းကျန့်က
" နက်ဖြန်ဆို အောင်စာရင်းထွက်တော့မယ်နော် ပေါ်ပေါ်"
ရှောင်းကျန့်ရဲ့ အသံနဲ့မျက်ဝန်းတွေက ဝမ်းနည်းနေသယောင်။