Part-7 ( Zawgyi+Unicode)

2.8K 341 16
                                    

ဗိုလ်လုပွဲ ပျက်သွားပေမဲ့လဲ နောက်တစ်ကြိမ်
ပြန်ကစားရသည်။
ဒီတစ်ခါတော့ အားပေးမဲ့သူတွေမပါရတော့ပေ။
အပြန်အလှန် သူ့ဘက်ကိုယ်ဘက် ကစားနေကြရင်း
ဒိုင်လူကြီးရဲ့ ရွီ ဆိုတဲ့ အချက်ပေးသံကြောင့်
ကန်နေရာမှ ရပ်တန့်လိုက်ကြတယ်။

" ဒီအထဲမှာ သတ်မှတ်ထားတဲ့ အသက်ထက်ပိုကြီးနေတဲ့သူ
ရှိတယ် "
လို့ပြောပြီး တစ်ဖက်အသင်းက ကစားသမား ၄ ယောက်ကို
ကွင်းပြင်ခေါ်သွားသည်။
ပြီးတော့ မိုက်ခ်နဲ့အော်ပြီး ရိပေါ်တို့အသင်းနိုင်ကြောင်း
ကြေငြာတယ်။
ရိပေါ်တို့ အသင်းသားတွေကတော့ ကြောင်တောင်တောင်ဖြစ်နေသည်။

ဆုပေးပွဲကို တစ်ခါထဲ ကျင်းပတယ်။
ဆုပေးပွဲဖြစ်တာကြောင့် ဆရာ ဆရာမတွေရော
ကျောင်းသားတွေပါ လာကြသည်။
အုပ်ချုပ်ရေးပိုင်းက အရာရှိတွေလည်းလာကြသည်။

ရိပေါ်တို့ကျောင်းက ပထမရပြီး
ရိပေါ်က အကောင်းဆုံး ဂိုးဖမ်းသမားဆုနဲ့
အသန့်ရှင်းဆုံးကစားသမားဆုကိုလည်းရသည်။

ရိပေါ် ကျောင်းလာတုန်း ကျောင်းပေါက်ဝမှာ
ရှောင်းကျန့်ကို တွေ့လိုက်ရသည်။

" ခုမှ ကျောင်းလာတာလား ပေါ်ပေါ်"
ယုန်သွားနှစ်ချောင်းပေါ်အောင် ရယ်ပြနေတဲ့ ရှောင်းကျန့်ကို
ရိပေါ် ပြန်ပြုံးပြလိုက်တယ်။ပြီးတော့ ကျောင်းထဲ ဝင်သွားလိုက်တယ်။

သူ့ဗိုက်ကို အကန်ခံရတဲ့ပွဲပြီးတော့ ရိပေါ်က
ရှောင်းကျန့်အပေါ် နည်းနည်းရင်းနှီးစပြုလာတယ်။
ရှောင်းကျန့်က စကားအခွန်း၅၀ လောက်ပြောရင်
ခေါင်းပြန်ငြိမ့်ပြတယ်။
ရှောင်းကျန့် စကားအခွန်း ၁၀၀ လောက်ပြောရင်
"အင်း "တစ်လုံးပဲ ပြောတယ်။
ဒါပေမဲ့ ရှောင်းကျန့် စကားနည်းနည်းလေးပဲပြောရင်တော့
ပြုံးပြလေ့ရှိတယ်။

" ရှောင်းကျန့် ငါ့ကိုစောင့်နေတာလား "
ကျောင်းဝက ခုံတန်းပေါ်မှာ ထိုင်နေတဲ့
ရှောင်းကျန့်ကို လင်းရှင်းက ပြောလိုက်တယ်။
လင်းရှင်းဆိုတာ ကာယဆရာရဲ့တူမ၊
သူ ရိပေါ်တို့ကို လေ့ကျင့်ပေးတာကို အပေးယူနဲ့လုပ်ထားတာကြောင့်
ရလိုက်တဲ့ ကောင်မလေးပင်။

Listen to my heartbeat ( Completed )Место, где живут истории. Откройте их для себя