Chapter(4)

8.3K 1K 54
                                    

စျေးထဲရောက်တော့ Ella က Tremaine
မှာလိုက်တာတွေကို သူမရဲ့ စာရင်း
စာရွက်ကို ကြည့်ရင်း တစ်ခုပြီးတစ်ခု လိုက်ဝယ်တော့တယ် .မကြာခင်မှာပဲ Evanရဲ့လက်ထဲက စျေးခြင်းတောင်းဟာ ပြည့်မောက်လာတယ်. စျေးစာရင်းတကြည့်ကြည့်နဲ့ Ellaက ရှေ့က ဦးဆောင်ပြီး  ပြည့်မောက်ကာလေးလံနေတဲ့ ခြင်းတောင်း
ကို ကိုင်ထားရတဲ့ Evan ကတော့ သူမရဲ့ နောက်ကနေ တရွေ့ရွေ့ပါလာတယ်  ( ဘိုမ ခြင်းဆွဲလေး ေပါ့)

ဝုန်း!!!
"ဟဲ့ လူတစ်ယောက်လုံးလာတာကို မမြင်ဘူးလား"
ဝတုတ်နေတဲ့ ကိုယ်ခန္ဓာကိုမှ အားမနာ
ကြပ်ထုပ်နေအောင် ဝတ်ဆင်ထားတဲ့ မိန်းမကြီးက သူကိုယ်တိုင်ကလည်း ဝင်တိုက်မိသေး. အတိုက်ခံရတဲ့ Ella ကိုလည်း ရန်ပြန်တွေ့နေတယ်.

"မတော်လို့ ပါရှင်.ကျွန်မတောင်းပန်
ပါတယ်အမရယ်"
ပြဿနာ မတက်ချင်တာကြောင့် Ellaက
တောင်းပန်စကားပြောပေမယ့် အနှီ
ဘွားတော်က ကျေနပ်ပုံ မ ေပါ်
မဲ့ကာရွဲ့ကာဖြင့်  "အဆင့်ကို မရှိဘူး"

မဆီမဆိုင်အစော်ကားခံလိုက်ရတာ
ကြောင့်ေဒါသ ထောင်းခနဲ ထွက်သွားပြီး မျက်နှာရဲနေတဲ့  Evanရဲ့လက်ကို 
Ella ကိုင်လိုက်ပြီး
" Evan လာ သွားရအောင်. ဟိုမှာ သစ်သီး
လေးတွေ လတ်တယ်" ဆိုပြီး Evan ကို
အသီးဆိုင်သို့ ဆွဲေခါ်သွားတော့
Evan လည်း ယက်ကန် ယက်ကန်နဲ့ပါသွားတော့တယ်.

ခြေလှမ်း၁၀လှမ်းတာင်ပြည့်မယ် မကြံသေး ..... ခုနက ဘွားတော်က
"အဲ့ သူတောင်းစားမောင်နှမ၂ယောက် ကို
ချုပ်ပေးကြပါ. ကျွန်မရဲ့ ဆွဲကြိုးကို
ဒင်းတို့ ခိုးသွားတယ်"
သူတို့ကို လက်ညှိုးထိုးရင်း ပြောလည်းပြော   သူတို့ဘက်ကိုလည်း ဦးတည်လာတာမို့   အနီးနားက လူတချို့ကလည်း
ကွက်ကြည့်  ကွက်ကြည့် လုပ်နေကြတယ်
တချို့ကလည်း အထင်အမြင်သေးတဲ့
မျက်လုံးတွေနဲ့ Evanတို့ကို ကြည့်နေကြတယ်.

"ဒီမှာ ကျွန်တော်တို့ ခင်ဗျားဆီက ဆွဲကြိုး
မပြောနဲ့ . ခင်ဗျားရဲ့ ဆံပင်တစ်မျှင်တောင် မယူလာကြဘူး. မယုံရင် လာရှာကြည့်လို့ရတယ်."
ခံပြင်းလွန်းတာကြောင့် Evan ပြောလိုက်တော့ Ella က သူ့ကို မျက်နှာငယ်လေးနဲ့ ကြည့်လာပြန်တယ်.

Cinderella & Me (BL fiction) complete Where stories live. Discover now