Extra-9

2.3K 289 15
                                    

Unicode Version

"လာပါ အရှင်ရဲ့။ တကယ် ပျော်ဖို့ကောင်းပါတယ်"

"မကြီးမငယ်အရွယ်ကြီးကို ကလေးတွေ ဆော့တဲ့ ကစားပွဲတွေမှာ မပါချင်ဘူးကွာ"

မျက်မှောင်ကြီး ကုပ်ရင်း ပြောနေသော အရှင့်ကြောင့် Sam ပြုံးလိုက်မိသည်။

Truth or dareကိုများ ကလေးဆော့သည့် ကစားပွဲတဲ့လား အရှင်ရယ်။ သည်ဘုရင်ကြီးကို Sam အသည်းတွေ ယားလွန်းလို့ ဘယ်လိုလုပ်ရပါ့။

"ဒီကစားနည်းက လူကြီးတွေကြားမှာ ရေပန်းစားတာပါ အရှင်ရဲ့။ လာပါ။ အရှင်ပါမှ ကျွန်တော်မျိုး အားရှိမှာပေါ့"

သူ့လက်မောင်းထက် ခေါင်းလေး မှေးတင်ရင်း ချစ်စဖွယ်ဆိုနေသော Samကြောင့် ဘုရင်ကြီးMartin တစ်ယောက် မငြင်းရက်တော့ပေ။

Samက မပေါ့မပါးကြီးနှင့်လေ။ ခင်ပွန်းသည်ကို အားကိုးချင်ရှာမှာပေါ့.....

"ကောင်းပြီလေ။ တစ်ပွဲ၊ နှစ်ပွဲလောက်တော့ ဝင်ကစားကြည့်တာပေါ့"

"He heeee ဒါကြောင့် အရှင့်ကို ချစ်နေရတာ  မွ"

ကလန်ကလားအရပ်ကြီးနှင့် အရှင့်ပါးထက်သို့  Samတစ်ယောက် မမီမကမ်း အနမ်းပန်း ခြွေလိုက်လေတော့ အရှင်က  သဘောတကျ ပြုံး၏။

"အဟမ်း!  ဦးရီးတော်တို့ ဝင်မှာဆိုလည်းဝင်၊ ထွက်မှာဆိုလည်း ထွက်လေ။ အခန်းတံခါးရှေ့ ပိတ်ရပ်နေတော့ ဒီက တူတော်လေးက ဘယ်လိုဝင်ရမှာလဲ"

သာသနာဖျက်လေး Noahကြောင့် ဘုရင်ကြီးMartinခမျာ ကြည်နူးနေသည်များ ပျောက်ကွယ်ကာ အချိန်ကြာကြာပင် မပြုံးလိုက်ရချေ။

အတော်ကို အလိုက်ကမ်းဆိုးမသိသော တူတော်လေးရယ်ပါ။ ဒါ့ကြောင့်လည်း သင်းလေး တစ်ကိုယ်တည်း လူပျိုကြီး ဖြစ်နေရှာတာ။

"ဝင်ပါNoahရေ.... အရှင်လည်း ပါမယ်ဆိုတော့ စုစုပေါင်း ငါးယောက် ဖြစ်သွားပြီ။ မိုက်တယ် မိုက်တယ်။ လာ... အထဲမှာ Collinတို့ စောင့်နေကြပြီ။ ဝင်ကြရအောင် အရှင်"

မိန်းမ မကျ၊ ယောကျာ်းမကျ၏ ဆွဲခေါ်ရာနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားသော ဦးရီးတော်ကို Noah မျက်ခုံးတို့ တွန့်ချိုးရင်း ကြည့်လိုက်မိသည်။

Cinderella & Me (BL fiction) complete Onde histórias criam vida. Descubra agora