Chapter(22)

4.9K 624 1
                                    

Unicode

"အာ ဟုတ်သားပဲ...... အစ်ကိုတို့က Bellaကို ဘယ်သိမလဲ.... Bellaလေးကို မြင်ရင် အစ်ကိုတို့လည်း ချစ်ကြမှာဗျ....."

Evanရဲ့ အပြောကြောင့် Lucienရဲ့ မျက်ခုံးတွေ ပိုမိုတွန့်ချိုးသွားလေသည်။ Bellaဆိုတဲ့ မိန်းကလေးနာမည်ကို Vanရဲ့ ပါးစပ်က ထွက်လာတာနဲ့တင် သူတော်တော် မကျေမနပ်ဖြစ်နေပြီကို  ဘာကိစ္စ သူက Bellaကို မြင်ရင် ချစ်ရမှာလဲ... မချစ်ပါဘူး။ သတ်တောင် သတ်ပစ်လိုက်ချင်တာ.... မိန်းကလေးနာမည်လေးတစ်ခုကြောင့်  ေဒါသတကြီးဖြစ်နေတဲ့ သူ့ကိုယ်သူလည်း အံ့သြမိသည်။ သို့သော်လည်း ထိန်းမရပါ......

"ဟုတ်လား... သူမက အဲ့လောက်တောင် ချစ်ဖို့ကောင်းတယ် ေပါ့"
Noahတစ်ယောက် မီးလောင်ရာ လေပင့်လိုက်လေသည်။

"ဒါ ေပါ့ အစ်ကို Noahရ.... သူမက ဖြူဖွေးပြီး ချစ်ဖို့ကောင်းမှကောင်း...... ကျွန်တော့်ကို တွေ့တာနဲ့ မလွှတ်ပေးဘဲ ချွဲနေတော့တာပဲ....."
Evanရဲ့ စကားတွေက  Lucienရဲ့ အပူမီးကို ပိုမို တောက်လောင်သွားစေသည်။

Noahတစ်ယောက် မကြာခင်မှာ ေပါက်ကွဲတော့မယ့်  အငွေ့အသက်တွေ ခံစားနေမိတာကြောင့်  မီးကို ငြှိမ်းဖို့ သူကပဲ စပြီး ကြိုးစားရပါတော့သည်။

"Bellaက အသက်ဘယ်လောက်ရှိပြီလဲ Evan???"

Noah ရဲ့ အမေးကြောင့် Evan ေခါင်းခြောက်သွားလေသည်။ Bellaရဲ့ အသက်ကို Novelထဲမှာ ထည့်မရေးထားဘူးလေ..... အစ်ကို Noahက သူ့ကို သံသယများ ဝင်နေတာလားလို့ တွေးမိပြီး ချွေးပြန်လာလေသည်။

"Bellaက  ဒီနှစ်ဆို (၁၁)နှစ်ပြည့်ပြီလေ.... Evanရဲ့ (၈)နှစ်ပြည့် မွေးနေ့အတွက်ဆိုပြီး ဖေဖေက Bellaကို မွေးနေ့လက်ဆောင်ပေးခဲ့တာ..... အဲ့တုန်းကဆို Evanက သုံးနှစ်ပဲ ရှိသေးတဲ့ Bellaလေးကို စီးမယ်တကဲကဲ လုပ်နေတာ... ဖေဖေတို့က မနည်းတားခဲ့ရတာ။ Evan (၁၅) နှစ်ပြည့်ရင် ဖေဖေက မြင်းစီးသင်ပေးမယ်ကတိပေးခဲ့ပေမယ့် ဖေဖေခမျာ ကတိတောင် မတည်ပေးနိုင်တော့ပါဘူး....."
သူအကြပ်ရိုက်နေတုန်း Ellaက ကယ်တင်ရှင်ကြီးသဖွယ် ေပါ်လာတာမို့ Evanစိတ်ထဲကနေ ကျေးဇူးတင်နေမိသည်။

Bellaဆိုတာ မြင်းမလေးမှန်း သိတော့မှသာ Lucienရဲ့ ရင်ထဲက မီးတွေ ငြိမ်းသွားလေသည်။

Cinderella & Me (BL fiction) complete Donde viven las historias. Descúbrelo ahora