Chapter(7)

7.2K 996 65
                                    

Monday
ဒီနေ့တော့ စျေးကို Evan တစ်ယောက်
တည်း ချီတက်ခဲ့တယ်. မနေ့က ရုန်းရင်း
ဆန်ခတ်တွေဖြစ်ခဲ့တာက တကြောင်း
သူကိုယ်တိုင်ကလည်း တစ်ကိုယ်တော်
လှုပ်ရှားစရာတွေ ရှိသေးတာက
တကြောင်းမို့ Ella ကို မ ေခါ်လာတော့

Evan စာရင်းစာရွက်ထဲက အတိုင်း
မှာလိုက်တာတွေကို မြန်မြန်သွက်သွက်
ဝယ်လိုက်တယ်. ပြီးတော့ မနေ့ကတည်း
က သူ တွေ့လာတဲ့  အထည်ဆိုင်ထဲကို
ဝင်လိုက်တယ်.

အမျိုးသမီးတွေအတွက် အထူး
ရည်ရွယ်ပြီးဖွင့်ထားတဲ့ ဆိုင်မို့
စျေးဝယ်နေကြတဲ့ မိန်းကလေးတွေက
သူ့ကို အထူးအဆန်း ကွက်ကြည့်
ကွက်ကြည့်လုပ်နေကြတယ်

တိုင်းပြည်အသီးသီးက ထွက်သမျှ
ပိတ်စအမျိုးမျိုးကို ရနိုင်တဲ့အပြင်
အပ်ချုပ်ရာမှာလိုအပ်တဲ့ ပစ္စည်းအမျိုး
မျိုး ကိုပါ တစ်နေရာတည်းရနိုင်တာမို့
Evan အတွက်တော့ အတော်
အဆင်ပြေတယ်

"ဒီမှာခင်ဗျ ဒီအစက ဒီတစ်ရောင်တည်း
ရှိတာလား. အပြာနုနုလေးများရနိုင်မ
လား"

တစ်ဆိုင်လုံးမှာ စျေးအကြီးဆုံးပိတ်စ
ကိုမှ ရွေးပြီး သူ့အား မေးနေတဲ့ စုတ်စုတ်
ပြတ်ပြတ်ကောင်လေးကို ဆိုင်ရှင်အမျိုး
သမီးက စိတ်မပါလက်မပါနဲ့
"မရှိဘူး ကောင်လေးရဲ့"

("ဒီဘက်ခေတ်မှာလည်း ဒီလို
ဆက်ဆံရေးညံ့တဲ့ ဆိုင်တွေ ရှိတာပဲလား")

"သခင်လေး ကြွပါရှင် ကြွ ပါ"
သူ့ကို အဖတ်မလုပ်တဲ့ အနှီဆိုင်ရှင်
က ခုမှ ဆိုင်ထဲကို ဝင်လာတဲ့ လူကိုကျ
ပျာပျာသလဲလဲ ကြိုဆိုနေတာမို့ Evan
မြင်ပြင်းကတ်ကတ်နဲ့ လှည့်ကြည့်လိုက်
တော့ နေမင်းလို တောက်ပလွန်းတဲ့
အရှိန်အဝါတွေနဲ့ လူငယ်လေးတစ်ယောက်....

ထိုလူငယ်လေးက သူ့ရဲ့
မြင့်မားတဲ့ အရပ်
တောင့်တင်းကျစ်လျစ်တဲ့ ကိုယ်ခန္ဓာနဲ့
လိုက်ဖက်ညီစွာ အထက်တန်းကျကျ
ဝတ်ဆင်ထားတယ်. ဝင်းနေတဲ့ အသား
ရောင်က သူ့ရဲ့ အရောင်အဝါကို ပိုပြီး
တောက်ပအောင် ပံ့ပိုးပေးနေတယ်
သူ့ရဲ့ မျက်ခုံးတန်းတန်း အောက်က
မီးခိုးရောင်မျက်ဝန်းတွေဆီကနေ သူဟာ
ဘယ်အရာကိုမှ ကြောက်ရွံ့တုန်လှုပ်မှု
မရှိကြောင်းကို သိနိုင်တယ်.
မီးခိုးရောင်မျက်ဝန်းနှစ်ခုကြားမှာ
ထိုလူငယ်လေးရဲ့ နှာတံချွန်ချွန်က
အချိုးအစား ကျနစွာ
နေရာယူထားတယ်. အရယ်အပြုံး
မရှိတဲ့ နှုတ်ခမ်းတွေကတောင် ထိုလူငယ်
လေးကို ပိုပြီး ဆွဲဆောင်မှုရှိအောင်
ကူညီပေးနေတယ်.
ပြီးပြည့်စုံလွန်းတဲ့ ထိုလူငယ်လေး
က နဖူးေပါ်ဝဲကျနေတဲ့ သူ့ရဲ့ ငွေမျှင်
ရောင် ဆံနွယ်တွေကို လက်နဲ့
သပ်တင်ရင်း ခုနက Evan ကိုင်ခဲ့တဲ့
အစကို လက်ညှိုးထိုးကာ
"အဲ့အစကို အပြာရောင်နုနုလေး
လိုချင်တယ်"

Cinderella & Me (BL fiction) complete Nơi câu chuyện tồn tại. Hãy khám phá bây giờ