စာလွှာ-(၁)

19 1 0
                                    

မနက်ခင်း ဖြာကျတဲ့
နေရောင်ခြည်နွေးနွေးလေးထက်
အဲ့ကောင်လေးရဲ့
လေးထောင့်ဆန်ဆန် နှုတ်ခမ်းထက်က
ဖြစ်တည်လာတဲ့ အပြုံးလေးတွေက
ပိုနွေးထွေးနေတယ်.....
ချစ်စရာ ငှက်လေးတွေရဲ့ အသံလေးတွေထက်
အဲ့ကောင်လေး သီဆိုနေကျ
သီချင်းလေးတွေရယ် ခပ်ဩဩ အသံလေးက
ပိုနှစ်လိုဖွယ်ကောင်းတယ်.....
စျေးကြီးကြီး ခပ်ဆန်းဆန်း
ပန်းချီကားချပ်တွေထက်
အဲ့ကောင်လေး. Stage ထက်မှာ
သီချင်းတွေသီဆိုရင်း
စတိုင်ကျကျ ကခုန်နေတာလေးတွေက ဘယ်ပန်းချီရေးလို့မမှီအောင် လှနေတယ်....
ပြီးရင် ငါ့ မြတ်နိူးခြင်းတွေ အစပြုရာ
ငါ့အမြတ်နိုးရဆုံးသော သူ့လက်ချောင်း
သွယ်သွယ်လေးတွေ...
အို မြတ်နိုးခြင်း အကန့်အသတ် မရှိစွာနဲ့ 
အဲ့အညိုလုံးလေးကို ချစ်တယ်...

အဲ့ကောင်လေးက သိပ်လှပါတယ်...
လှတယ် ဆိုတဲ့ စကားက ယောကျာ်းလေး
တစ်ယောက်အတွက် မသင့်တော်ပေမယ့်
အဲ့ကောင်လေးကတော့ ချောမောတယ်ဆိုတဲ့ စကားထက် ပိုလှနေတယ် ဆိုတဲ့ အလိုက်ဖက်ဆုံးသော ကောင်လေးတစ်ယောက်...။

အပူဒဏ်ကြောင့် ခဏခဏ Allergic ဖြစ်လို့
ဖိနပ်တောင် ခပ်ကျပ်ကျပ် မဝတ်တတ်သော သူ...
ခါးသက်တဲ့ Coffee အရသာတွေ မကြိုက်ပေမယ့်
ချိုမြိန်တဲ့ Strawberry တွေကိုတော့
အရမ်းကြိုက်လွန်းသော သူ....
ခွေးလေးတွေကိုလည်း သိပ်ချစ်ပြီး တွယ်တာတတ်တတ်တဲ့ သူ...
ငါ့စိတ်ထဲမှာ အဲ့ကောင်လေးရဲ့ အသေးစိတ်က
အစ အလွတ်ရနေပြီးသာဆိုပေမယ့် တစ်ခါမှ
ရိုးအီသွားခြင်းမရှိခဲ့ဖူးဘူး......

                         ***************

ကိုယ့်ဆယ်ကျော်သက်ဘဝ အစိတ်အပိုင်းတစ်ခုအဖြစ် သိမ်းထားချင်လို့ပါ
ကိုယ့်စိတ်ထဲမှာ ဖြစ်တည်လာတဲ့အချိန် ကောက်ရေးလိုက်တာမို့ အကယ်၍ Author တစ်ယောက်ယောက်ရဲ့ စာသားတွေ ထပ်တူညီမှု ရှိရင်ရင် လာပြောလို့ရပါတယ်
ချက်ချင်း ဖျက်ပေးပါ့မယ်

အညိုရောင်ကောင်လေးထံ တမ်းချင်းစာလွှာလေးများWhere stories live. Discover now