စာလွှာ-(၃)

11 1 0
                                    

အသက်အရွယ်အရ သာမာန်အခြေအနေမျိုးတွေမှာ ငါက လိုတာထက်ပိုပြီး
ရင့်ကျက်ပါတယ် ဒါပေမယ့်..
အဲ့ အညိုလုံးလေးနဲ့ ပတ်သတ်လာရင်
ဒီလူမှာ မူမမှန်စွာနဲ့ အပြိုပြို အလဲလဲပါပဲ.....။

အရင် စချစ်မိတဲ့သူက အရှုံးပဲတဲ့
ငါကတော့ အဲ့ကောင်လေးအပေါ်
ရှုံးသွားတယ်လို့ မခံယူဝင့်ဘူး..
သူ့ကို ချစ်သွားခဲ့မိလို့ ပျော်ရွှင်ခြင်းရယ်် မှ
တစ်ခြား ငါ့ဆီ ယောင်လို့တောင် ဝင်မလာဖူးဘူးလေ ..
အဲ့ကောင်လေးပေါ်မှာ ထားတဲ့
ငါ့မေတ္တာတွေက အစစ်အမှန််မို့
အရှုံး အမြတ်တွေမရှိ ဒီအတိုင်းလေး
ငေးမောခွင့် ရနေရုံနဲ့ ကျေနပ်နေတဲ့ သူပါ....။

တစ်စုံတစ်ယောက်က ပြောဖူးတယ်
အပြင်လက်တွေ့မှာလည်း ချစ်ခြင်းတွေ
အများကြီး ရှိပါတယ် တဲ့လေ
သူ မှန်ပါသည် ဒါပေမယ့်..
ငါဆိုတဲ့ သူက ချစ်ခြင်းမေတ္တာဆိုတာနဲ့
အညိုလုံးလေးကိုပဲ ပြေးမြင်မိနေတဲ့ သူလေလက်တွေ့ဆိုတာထက်
စိတ်ကူးယဉ် ချစ်ခြင်းတွေကိုပဲ
ပိုရူးသွပ်ပြီး စွဲလန်းမိနေတာတော့
ကိုယ်တိုင်လည်း မတတ်နိုင်ခဲ့သည်ကိုး
အရာအားလုံး အစက
ပြန်စတင်ဖို့ အခွင့်သာခဲ့ရင်တောင်
အညိုဓာတ်လေး ဆိုတဲ့ ကောင်လေးထံပါးမှာပဲအလိုလို တိမ်းညွတ်ပြီး ကျရှုံးနေမှာ
သေချာပါသည်...ငါလည်း လူတစ်ယောက်ပဲလေ
နီးစပ်ဖို့ အခွင့်မသာခဲ့ရင်တောင်
အနှောင်အဖွဲ့တွေမရှိ
အေးချမ်းစွာနဲ့ အခုလိုလေးပဲ အကြာကြီး
ငေးမောနေခွင့်လေးတော့
လောဘ တက်ခွင့်ပြုပါ
ကိုယ် မြတ်နိုးရဆုံးသော သူနဲ့
အချိန်အတိုင်းအတာ တစ်ခုလောက်ထိ
ရှိသွားစေချင်မိပါရဲ့ ...♡

အညိုရောင်ကောင်လေးထံ တမ်းချင်းစာလွှာလေးများWhere stories live. Discover now