စာလွှာ (၆)

7 1 0
                                    

ခင်ဗျားလေးက ပန်းကလေးဆို ကိုယ်က ဥယျာဉ်မှူး
တစ်ယောက်ပါပေါ့....
အချစ်မိုးတွေနဲ့ တယုတယ စိုက်ပျိုးမယ်
မခူးရက် မပိုင်ရက်တဲ့ ပန်းကလေးနဲ့တူတဲ့ မင်းကိုပေါ့...။

ငါက နဂိုကတည်းက အစွဲအလမ်းကြီးတဲ့လူမျိုး..
ပစ္စည်း တစ်ခုကို ငါကြိုက်ပြီ ဆိုရင် ဘယ်လောက်ဟောင်းနွမ်းသွားပါစေ
တန်ဖိုးထားနေဆဲပဲ..
အခု မင်း အပေါ်မှာလည်း အစွဲအလမ်းကြီးစွာနဲ့
ငါ့မြတ်နိုးမှုတွေ သက်ရောက်နေခဲ့ပြန်တယ်
ဘယ်တော့မှ ငြီးငွေ့သွားမှာ မဟုတ်သလို
ငါ့အသက်တွေ ကြီးပြီး အိုမင်းသွားတဲ့အထိ
မင်းနဲ့ ပတ်သတ်ရင် ခံစားချက်တွေက ဆယ်ကျော်သက်အရွယ်လေးလို လတ်ဆတ်နေဦးမှာ အသေအချာပါပဲ...။

အညိုရောင်ကောင်လေးထံ တမ်းချင်းစာလွှာလေးများWhere stories live. Discover now