စာလွှာ-(၂)

10 1 0
                                    

နေကောင်းရဲ့လား အချစ်ရေ..
မင်းကို အရမ်းလွမ်းနေတယ် သိရဲ့လား
အဆုံးမရှိတဲ့ လွမ်းဆွတ်ခြင်းဆိုပေမယ့်
ဒီနေ့တော့ အရမ်း အရမ်းကို လွမ်းနေခဲ့တာ...။

မင်းကိုဘာကြောင့် မြတ်နိုးမိတာလဲဆိုပြီး မေးလာခဲ့ရင် ငါ့မှာ အဖြေအတိအကျ မရှိခဲ့ဘူး
ဒီတိုင်းလေးပဲ မြတ်နိုးနေမိတာပါလို့ အဖြေပေးလိုက်မိရင် လူတွေက ငါ့ကို ခေါင်းစဉ်တစ်ခုနဲ့သတ်မှတ်လိုက်တယ်
အရူးတဲ့
အဟား သိပ်ရယ်ရတာပဲ...ခင်ဗျားရေ
အခုလက်ရှိမှာတော့ ဒီတိုင်းလေးမြတ်နိုးနေမိတာ
ဒီလိုပဲ ငါ့အချစ်က ရိုးရှင်းလွန်းပါတယ်...။

မင်းကို မြတ်နိုးမိတာ အရမ်းအေးချမ်းတယ် ဆိုတာ သူတို့မှ မသိဘဲ
အတ္တတွေနဲ့ ပိုင်ဆိုင်မိချင်တာထက်
အဝေးကနေ ငေးကြည့်နေရတာကို
ပိုသဘောကျမိတဲ့လူပါ
ငါ တစ်ယောက်တည်း အစကနေ ပြန်ချစ်လိုက် တစ်ခါ နာကျင်လိုက်ဖြစ်နေရတာ
ဘာအရေးလဲကွယ်
မင်းရဲ့ရယ်မောသံလေးတွေကိုတော့
ကမ္ဘာတည်သရွေ့ မပျက်ပြယ်စေချင်ဘူးး...။

အညိုရောင်ကောင်လေးထံ တမ်းချင်းစာလွှာလေးများWhere stories live. Discover now